ရိပေါ် နိုးလာသည့်အခါ လက်ကိုခပ်ဖွဖွစမ်းကြည့်မိသည် ။ ဒဏ်ရာကိုစည်းနှောင်ပေးထားသည့်အဝတ်စကြောင့် သက်ပြင်းချလိုက်မိ၏ ။
[ Host ဟန်ရှောင်းနေမကောင်းဘူးတဲ့ ]
ရိပေါ် နေထိုင်သည့်နန်းဆောင်တွင် အစေခံတစ်ယောက်မှမရှိချေ ။ ဖြစ်နိုင်တာက ယန်ပေါ်ကျင်းကိုအမြင်ကပ်လို့မဟုတ်ရင် ဘယ်သူ့ကိုမှအမြင်မခံစေချင်လို့ပဲဖြစ်ရမည် ။ ယခုတော့ သတင်းတစ်ခုခုဆို Egg ကပဲစုံစမ်းပြောပြပေးနေရလေသည် ။
ထိုသတင်းကြောင့် ရိပေါ်ပြုံးလိုက်သည် ။ တစ်နေ့နေ့သည်လိုဖြစ်မယ်ဆိုတာကိုတော့ သူသိပါ၏ ။ ဘာကြောင့်လဲဆိုရင် သူကိုယ်တိုင် point တွေသုံးပြီး မယ်တော်မိဖုရားကြီးကိုအိပ်မွေ့ချကာ ဟန်ရှောင်းကို ဆေးခတ်စေခဲ့လို့ပင် ။ ဒါပေမယ့် ဟန်ရှောင်းက သူ့ချစ်သူလေ ခေါင်းကိုက်ပြီးအားအင်နည်းနည်းယုတ်စေအောင်ပဲလုပ်တာပေါ့ ။
"စားစရာလာပို့တာပါ ကြင်ယာတော်"
အခန်း၏တံခါးမကြီးပွင့်သွားကာ အမျိုးသမီးအစေခံတစ်ဦးဝင်လာ၏ ။ သူမ၏ ဦးခေါင်းကငုံ့နေကာ တစ်ချိန်လုံးကြမ်းပြင်ကိုပဲကြည့်နေပြီး အခန်းတွင်းရှိလူကို လုံးဝမကြည့်မိအောင်နေသည် ။
"ဒီနေ့ဟင်းလျာကတော့..."
"ခဏလေး...မင်းနာမည် ဘယ်လိုခေါ်လဲ"
"ရှောင်..ရှောင်ယဲ့ပါ"
"ရှောင်ယဲ့ အရှင်မင်းကြီး နေမကောင်းတဲ့သတင်းကြားပြီးပြီလား"
"ကျွန်တော်မျိုးမ ကြားပြီးပါပြီ"
"ငါ့ကို နည်းနည်းလောက်ကူညီနိုင်မလား"
"ဟုတ်ကဲ့"
ရိပေါ် လုပ်စေချင်သည်က ဆေးအမျိုးအစားအနည်းငယ်ကို ယူလာပေးစေချင်တာပင် ။
[ Host ကျွန်တော့်ဆီကဝယ်လေ ]
'ချီးတောင်မဝယ်ဘူး!'
အခုကိုပဲ points 110 အဖြတ်ခံထားရပြီ ။
အခန်းတံခါးကိုဖွင့်သံနှင့်အတူ တစ်ယောက်ယောက်ဝင်လာသံအား ရိပေါ်ကြားရသည် ။ ထိုလူ၏ခန္ဓာကိုယ်မှမွှေးရနံ့နှင့်အတူဆေးနံ့ကိုပါရလိုက်တာကြောင့် ဟန်ရှောင်းဖြစ်မှန်း ရိပေါ်တန်းသိလိုက်သည် ။
VOCÊ ESTÁ LENDO
Saving The Villain Life System [ Ongoing...]
Fanfic[ ZHANYI ] Cover from pinterest. Full credit to owner.