3.10 ( final )

8.6K 958 22
                                    

အရေးပေါ်အခန်းထဲ သူနာပြုမတွေကဝင်လိုက်ထွက်လိုက်နဲ့ပြာယာခတ်နေကြသည် ။ ရိပေါ်ရဲ့ အခြေအနေကိုတစ်ယောက်မှမသိရသေး ။

"မော့ယီရော..."

ဟွမ်ကွေ့ရန် ထိုးတာခံထားရလို့ မျက်နှာမှာဒဏ်ရာအပြည့်နဲ့ ထောင်ဝေကမေးလာသည် ။ ဟွမ်ကွေ့ရန်က ထောင်ဝေကိုမြင်သည်နှင့် ထထိုးသဖြင့် ဟွမ်ချီမှာတားရပြန်သည် ။

"ကွေ့ရန် ဆေးရုံမှာလေ စိတ်ထိန်းဦး"

ထောင်ဝေကတော့ အားမရှိတော့၍ဘဲလား ဘာလားတော့မသိ ဟွမ်ကွေ့ရန်ကို ပြန်လည်တုန့်ပြန်ခြင်းမရှိဘဲငြိမ်ခံနေသည် ။

"လူနာက အရေးတကြီးသွေးလိုအပ်နေပါတယ် မိသားစုဝင်တွေရှိပါသလားရှင်"

ခွဲစိတ်ခန်းထဲမှ သူနာပြုကအပြင်ထွက်လာကာအလောတကြီးပြောလာ၏ ။

"ကျွန်တော့်ဆီကယူပါ"

"နေဦး...မော့ယီရဲ့သွေးအမျိုးအစားက A negative ပဲ ။ မင်းနဲ့ အမျိုးအစားတူလို့လား ။ ငါ ကူပါရစေ ။ ငါက မော့ယီနဲ့ သွေးအမျိုးအစားအတူတူပဲ"

ထောင်ဝေရဲ့ စကားကြောင့် ဟွမ်ကွေ့ရန် စိတ်ညစ်သွားသည် ။ သူက O သွေးဖြစ်နေ၍ ကိုကို့ကိုကူညီလို့မရပေ ။ ထောင်ဝေကိုမုန်းပေမယ့် ဒီအချိန်မှာ ကိုကို့အသက်ကအဓိကဖြစ်နေသည့်အတွက် သူသဘောတူရုံမှအပတခြားမရှိချေ ။

"ကောင်းပြီ ထောင်ဝေ ခင်ဗျားကိုခွင့်ပြုတယ်"

ဟွမ်ကွေ့ရန်၏ စကားအဆုံး၌ ထောင်ဝေကခေါင်းတချက်ညိတ်ပြကာ သူနာပြုနှင့်ပါသွားလေတော့သည် ။

ထိုစဉ် ထိုအဖြစ်အပျက်များကို screen မှကြည့်နေသည့် ယုန်တစ်ကောင်နှင့်လူတစ်ယောက်ရှိနေလေသည် ။

[ Host ဒီကမ္ဘာမှာ ဆက်နေမလား ၊ ထွက်ခွာသွားမည်လား]

ရိပေါ်က ပူပန်မှုတွေထင်ဟပ်နေသည့် ဟွမ်ကွေ့ရန်ကိုကြည့်လိုက်သည် ။ ပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏ ။

'ဆက်နေမယ်'

................

လှုပ်ရှားမှုကင်းမဲ့နေသည့် လက်ချောင်းလေးများကို ဟွမ်ကွေ့ရန်က ရေပတ်တိုက်ပေးနေသည် ။ ကိုကို သတိမရတာတစ်ပတ်လောက်ရှိပြီမလို့ မျက်နှာကအနည်းငယ်ချောင်ကျသွားသည် ။ ဟွမ်ကွေ့ရန်က ရိပေါ်ရဲ့မျက်နှာကို ခပ်ဖွဖွလေးထိလိုက်သည် ။

Saving The Villain Life System [ Ongoing...]Onde histórias criam vida. Descubra agora