"မနေ့က ဘယ်တွေသွားနေတာလဲ"
အိမ်အပေါ်ထပ်ကနေ အောက်ဆင်းလာသည့် ရိပေါ်ကိုတွေ့သည့်အခါ ဝမ်ယောင့်ထင်ကမေးလိုက်ခြင်းပင် ။ အမှန်တော့ ကော ဘယ်သွားတယ်၊ဘာလုပ်တယ်ဆိုတာကို သူသိပြီးသားဖြစ်သည် ။ ထူးဆန်းသည်က ကောကိုအိမ်လိုက်ပို့သည့်လူအကြောင်း ဘာမှစုံစမ်း၍မရတာဖြစ်၏ ။
ရိပေါ်က 'ငါ ဘယ်သွားသွား မင်းစောက်လုပ်လား' ဟုပြန်ဖြေချင်သော်လည်း အတိတ်မေ့ချင်ယောင်ဆောင်ထားသည်ကိုသတိရသွား၍ ကောင်းကောင်းမွန်မွန်ပြန်ဖြေရတော့သည် ။
"ဆေးရုံမှာတစ်နှစ်လောက်လှဲခဲ့ရတော့ အပြင်ထွက်ပြီးလေကောင်း၊လေသန့်ရှူတာပါ"
"ကောကိုစိတ်ပူလို့ ကျွန်တော့်လူတစ်ယောက်ထားပေးမယ် ။ အပြင်သွားလို့မတော်တရော်လူတွေနဲ့တိုးရင် ဘယ်လိုလုပ်မလဲ"
ထိုစကားက ခွင့်ပြုချက်တောင်းနေတာမဟုတ်ဘဲ အသိပေးရုံသက်သက်ဆိုတာကို ရိပေါ် သိပါသည် ။
စိတ်ပူလို့တဲ့လား။ ဟာသပဲ ။
သူလှုပ်ရှားသမျှကို အနီးကပ်စောင့်ကြည့်ဖို့လူလွှတ်တာပဲ မဟုတ်ဘူးလား ။"မင်း အဆင်ပြေသလိုလုပ်ပါ ယောင့်ထင်"
ဝမ်ယောင့်ထင်က အေးစက်စက်ရယ်၍ ထိုင်ရာမှထကာ ရိပေါ်အနားလျှောက်လာ၏ ။ သူက ရိပေါ်ထက်အရပ်ပိုရှည်သူဖြစ်လို့ အရှေ့မှာလာရပ်သည့်အခါ ရိပေါ်က သူ့ကိုမော့ကြည့်ရသည် ။
"တကယ်အဆင်ပြေသလိုလုပ်ရမှာလား"
ထိတ်လန့်သွားသည့် ရိပေါ် မျက်ဝန်းတွေကသိသိသာသာ ။ ထိုအချင်းအရာကိုတွေ့သည့်အခါ ဝမ်ယောင့်ထင်ထံမှ နှာမှုတ်သံထွက်လာ၏ ။
"ကော ဒီထက်ပိုတိုးတက်အောင်လုပ်ဖို့လိုတယ်"
ဝမ်ယောင့်ထင် ဘာကိုဆိုလိုမှန်းမသိသော်လည်း ရိပေါ်စိတ်ထဲ တစ်မျိုးတော့ဖြစ်သွားရသည် ။
"ငါ အရင်ကဘာအလုပ်လုပ်ခဲ့လဲ"
"ဘာအလုပ်မှမလုပ်ဘူး"
ရိပေါ် သူ့ရှေ့ကကောင်ကိုဆဲချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာရသည် ။ ဘာအလုပ်မှမလုပ်ဘူးတဲ့လား ။ Company က သူ့ရုံးခန်းမှာရှိနေတဲ့ ဒုဥက္ကဋ္ဌဝမ်ရိပေါ်ဆိုတဲ့ နာမည်ဖန်တုံးကြီးနဲ့သာကောက်ထုပစ်လိုက်ချင်သည် ။
![](https://img.wattpad.com/cover/239062305-288-k660840.jpg)
ESTÁS LEYENDO
Saving The Villain Life System [ Ongoing...]
Fanfic[ ZHANYI ] Cover from pinterest. Full credit to owner.