9.13

4.1K 518 23
                                    

နှင်းတောထဲမှာ နာရီဝက်လောက်နေလိုက်ရတာကြောင့် ငယ်ငယ်တည်းကအလိုလိုက်ခံ ရွှေမင်းသားလေးမှာအဖျားဝင်ပါတော့သည် ။

အဝတ်ကိုရေပြောင်သည်အထိညှစ်ပြီး ဖျားနေသူ၏နဖူးပေါ်သို့ ဖတ်ခနဲပစ်တင်ပေးလိုက်၏ ။

"ကိုကိုကဗျာ အရမ်းရက်စက်တာပဲ"

"အသံထွက်လာနိုင်သေးတယ်လား"

"သားဖျားနေပြီ ။ ကိုကို အာဘွားပေး"

"နာချင်တာလား"

"ကိုကိုက သားကိုမချစ်တော့ပါဘူး ။ ရင်ထဲမှာ တအားကို နာကျင်နေပြီ"

နောက်ဆုံးတော့ အဖျားကျဆေးနဲ့ အိပ်ဆေးတစ်လုံးပေါင်းတိုက်လိုက်မှပဲ နားအေးသွားတော့သည် ။ အဖျားတက်မှာစိုး၍ ရိပေါ် ကောင်းကောင်းမအိပ်ရဲ ။ နဖူးကို အဖျားကျမကျခဏခဏစမ်းပေးရင်း ကိုယ်အပူရှိန်ကြောင့်ခြောက်သွားတတ်သည့် အဝတ်ပိုင်းကိုလည်း ရေစွတ်ပြီး နဖူးပေါ်ပြန်တင်ပေးရသေး၏ ။ မိုးလင်းခါနီး ရှီဇန်းအပူကျသွားမှသာ သူ ကောင်းကောင်းအိပ်ပျော်နိုင်တော့သည် ။

ရှီဇန်း နိုးလာသည့်အခါ ကုတင်ဘေးနား ခေါင်းတင်လျက်အိပ်ပျော်နေသည့် ကိုကို့ကိုတွေ့လိုက်ရ၍ သူ့ရင်ထဲဖော်မပြနိုင်သည့် ပျော်ရွှင်မှုတစ်မျိုးဖြင့်ပြည့်နှက်သွားတော့သည် ။

ကိုကို့နဖူးပေါ်ဝဲကျနေသည့် ဆံစတချို့ကို သပ်တင်ပေးလိုက်ပြီး ပါးပြင်ကိုနမ်းပစ်၏ ။

ညက သူ တမင်အနွေးထည်မယူဘဲ နှင်းတောထဲမှာသွားထိုင်နေတာဖြစ်သည် ။ အရိုးထဲထိအေးတဲ့ဒဏ်ကို ကြံ့ကြံ့ခံပြီး သူ့စိတ်ထဲမှာ ကိုကို သူ့နောက်လိုက်လာ၊မလာကို အလောင်းအစားလုပ်ခဲ့တာပင် ။ အကယ်၍ မလိုက်လာဘူးဆိုရင်လည်း အေးခဲသေပစ်လိုက်ရုံသာရှိသည် ။

အဖျားဝင်သွားတော့ ကိုကိုက သူ့ကိုပိုသနားသွားတာပေါ့ ။ မဖျားမှာကိုတောင် သူစိတ်ပူနေခဲ့ရတယ်ဆိုတာ ကိုကိုသိရင် အရူးဆိုပြီးငေါက်နေမလား ။

အိပ်ရာကထလိုက်ပြီး ကိုကို့ကို မနိုးအောင်ဂရုတစိုက်ပွေ့ချီပြီး ကုတင်ပေါ်တွင် အိပ်စေလိုက်သည် ။ ညက ကိုကို့ရဲ့ဂရုစိုက်ပေးမှုများကြောင့် နည်းနည်းနုံးနေသေးသော်လည်း အဖျားမရှိတော့ဘဲသက်သာနေပြီဖြစ်ပါ၏ ။

Saving The Villain Life System [ Ongoing...]Where stories live. Discover now