သလင်းကဲ့သိုကြည်လင်သောကျောက်ဖျာကြီးပေါ်တွင် ယုန်နားရွက်နှင့်အသက် ၂၀ အရွယ် ကောင်လေးတစ်ယောက်ကလဲလျောင်းနေ၏ ။ ဖြူစင်သောဝတ်ရုံပေါ်တွင် သွေးစအနည်းငယ်ကစွန်းထင်းနေလျက် ။
ထိုကောင်လေးအားကြည့်ကာ တစ်ကိုယ်လုံးအပြာရောင်ဝတ်ဆင်ထားသည့်သူက လက်သီးတင်းတင်းဆုပ်လိုက်မိသည် ။
ခန္ဓာကိုယ်ပေါ်ရှိအငွေ့အသက်အားကြည့်ရုံနှင့် တရားခံကဘယ်သူဆိုတာကိုသူသိနှင့်နေပြီးသားမလို့ တစ်ယောက်သောသူ၏နန်းဆောင်သို့လျှောက်လာခဲ့လိုက်သည် ။
နန်းဆောင်ထဲဝင်လိုက်သည်နှင့်အေးဆေးပြုံးပြလာသူက သူလာမှာကိုကြိုသိနေသယောင် ။
"ဖေးအာကို မင်းလုပ်လိုက်တာမလား"
"ကိုကိုကလည်း အခါးရည်လေးသောက်သွားပါဦး"
"ငါ့ရဲ့ system တွေကို မင်းမှာနှောင့်ယှက်ခွင့်မရှိဘူး"
"ကိုကို ကျွန်တော့်ကိုအရင်ကလိုအချိန်ပေးရင် မလုပ်တော့ဘူး"
"တစ်ပတ်မှာ တစ်ရက်အချိန်ပေးမယ် ။ အထွန့်မတက်နဲ့ အခု ဖေးအာကိုလာကုပေး"
အနှီကောင်လေးသည် အဘယ်ကြောင့်ဆိုးသွမ်းနေရသနည်းမသိ ။ တကယ်တော့ ဒါကလည်း သူ့အပြစ်ပါ ။ ညီနဲ့အရွယ်တူပဲမလို့အလိုလိုက်မိတဲ့ သူ့အပြစ် ။
ခမ်းနားသောငွေရောင်ဝတ်ရုံနှင့်လူသည် သူ့မြင်ကွင်းထဲမှပျောက်သွားသည့်အပြာရောင်ပုံရိပ်လေးကိုကြည့်၏ ။
ပိုင်ဖေးအာ ကိုပဲဂရုစိုက်နေတာကြည့်မရလို့နည်းနည်းဆော့ရုံတင်ပါ ။ အခုတော့ ကိုကို့စကားနားထောင်လို့ အနှီယုန်စုတ်အားပြန်ကုပေးရတော့မည် ။
...................
space ထဲပြန်ရောက်သည်နှင့် ရိပေါ်မှာ Egg ကိုလိုက်ရှာမိသည် ။ အဆုံးမရှိတဲ့မြက်ခင်းပြင်ကြီးကလွဲ ဘာမှမရှိပေ ။
[ Host !!!! ]
အသံပြဲကြီးနဲ့အော်ပြီး သူ့ခြေထောက်ကိုပြေးဖက်လာတဲ့ တစ်နှစ်သားအရွယ်ကလေးလေး ။ ယုန်နားရွက်နှစ်ဖက်က အောက်သို့စိုက်ကျနေသေးသည် ။ တင်ပါးမှာလည်းအမြီးလုံးလုံးလေးနှင့် ။
ESTÁS LEYENDO
Saving The Villain Life System [ Ongoing...]
Fanfic[ ZHANYI ] Cover from pinterest. Full credit to owner.