7.5

4.5K 638 75
                                    

ဝမ်ရိပေါ်တစ်ယောက် Egg ကိုစိတ်ဆိုးနေပါသည် ။

အကြောင်းမှာတော့ ရှောန်း အိုဘရိုင်ယန် က ဇာတ်လိုက်ဖြစ်ကြောင်းကို မနေ့ညကမှပြောပြလာသည်လေ ။ ဒါတောင် သူက ရှောန်းနဲ့ပြန်လိုက်သွားသင့်၊မသွားသင့်ကို မေးသည့်အချိန်ကျမှပြောလာခြင်းပင် ။

ဘာတဲ့ ရှောန်း အိုဘရိုင်ယန် ကဇာတ်လိုက်မလို့ Host ပြန်လိုက်သွားရင်ပိုတောင်ကောင်းသေးတဲ့ ။

[ Host ကလည်း villain နဲ့ဆက်စပ်မှုနည်းတဲ့ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မရဲ့ ဇာတ်ကြောင်းမလို့မပြောပြတာပေါ့ ။ ကမ္ဘာကြီးပျက်စီးလည်း အဲ့နှစ်ယောက်က ညားပြီးကလေးတွေမွေးမှာပဲဟာ ။ Host လုပ်ရမှာက ဖြေဆေးဖော်ရုံပဲ ]

'ဟမ့်  !'

Egg တစ်ယောက်အမြှုပ်ထွက်အောင်ချော့ပြီးချိန်မှာတော့ စိတ်ကောက်နေတဲ့ Host ကိုချော့လို့ရသွားချေပြီ ။ မရှိတဲ့ ရည်းစားကိုတောင်မချော့ခဲ့ရဖူး ။

အကြာကြီးစဉ်းစားပြီးနောက်မှာ ရှောန်းနဲ့ ပြန်လိုက်သွားဖို့ဆုံးဖြတ်ခဲ့သည် ။ ဘာပဲဖြစ်ဖြစ် ရှောန်းက ဇာတ်လိုက်ဖြစ်နေတဲ့အပြင် သူ့မှာကလည်း လူတွေအထင်ကြီးလေးစားလာအောင်လုပ်ရမယ့် mission ကလည်းရှိနေသေးတော့...။

"ငါ မင်းနဲ့ ပြန်လိုက်ခဲ့မယ် ။ ငါ့မှာ တောင်းဆိုစရာတွေအများကြီးရှိတယ်"

"မင်း ဘာပြောပြောအကုန်လုပ်ပေးပါ့မယ်"

ရိပေါ်က သူ့ရဲ့ မူပိုင် နှုတ်ခမ်းတစ်ဖက်တွန့်ရုံသာပြုံးရင်း....

"ကောင်းပြီ...မင်း စကားတည်ပါစေ"

နှစ်ယောက်အတူတူ အပြင်သို့ ထွက်လာချိန်၌ အကုန်လုံးက ဝိုင်းဝန်းနှုတ်ဆက်ကြသည် ။ သို့သော် ဒေါက်တာရဲ့ အနောက်ကနေ သံကြိုးတွဲလောင်းနှင့်ပါလာသည့် zombie ကိုမြင်တော့လန့်သွားကြသည် ။

"မလန့်ကြပါနဲ့ သူက ငါမွေးထားတဲ့ zombie သေးသေးလေးပါ ။ နာမည်က ဘီဘီ တဲ့"

ဒေါက်တာပြောလာသည့်စကားကြောင့် အကုန်မျက်နှာပျက်သွားကြသည် ။

196 cm လောက်အရပ်ရှည်တဲ့ဟာကို zombie သေးသေးလေးတဲ့ ။ ပြီးတော့ မွေးထားတာဆိုပဲ...နာမည်တောင် ပေးထားလိုက်သေးတယ် ။ ဒေါက်တာက အန္တရာယ်ကြီး zombie တစ်ကောင်ကို အိမ်မွေးသတ္တဝါလေးလိုမျိုးမွေးထားတယ် ။

Saving The Villain Life System [ Ongoing...]Where stories live. Discover now