Part 1

10.8K 466 40
                                    

Unicode Version

Club ထဲ က သံစဥ်တွေ နဲ့ အတူ လူက လိုက်မဒွန့်နိုင်တော့လောက်အောင် ကို လူက အတော်မူးနေလေပြီ လက်ထဲ က ခွက် ကို မချပဲ မနားတမ်း ထိုင်သောက်နေတာ ခုဆို ဘယ်နှစ်ခွက်တောင် မော့လို့ မော့ပြီးမှန်း တောင် မသိတော့ ။

club ထဲမှာ လက်တွဲကနေတဲ့ ကောင်မလေး ၂ ယောက် ကို မြင်ပြန်တော့ အတွေး တွေ က အတိတ်တွေထဲ ပြန်ဆွဲခေါ်ဆောင်သွားလေ ရဲ့ ။

တစ်ချိန် က မိန်းကလေး ၂ ယောက် ရဲ့ ရယ်မောသံတွေ ရယ် ။
ငိုကြွေးသံတွေ ရယ် ။
လီလီ ပန်းကလေးရယ် ။

ရင်ဘတ်ထဲ က တိုးဆလာတဲ့ အလွမ်းတွေ ကို ထပ်မတိုးလာအောင် ရုတ်ချည်းသိမ်းရပြန်တော့ ခြေလှမ်း‌တွေ ဦးတည်မိတဲဲ့ နေရာ က မဲမှောင်နေတဲ့ လမ်းမကြီးတွေဆီ ။

ခုလို ဂျစ်ပစီဆန်ဆန်တစ်ယောက် ဖြစ်ခဲ့တာ အတော်ကြာခဲ့လေပြီ တိတိကျကျပြောရရင်တော့ LiLi ကျွန်မ ကို ခွဲခွာသွားတဲ့ အချ်ိန်က စလို့ပေါ့ ။

နေ့တိုင်းလိုလို ကို အရက် နဲ့ အဖော်ပြုတယ် ဆေးနဲ့ အဖော်ပြုတယ် ပြီးတော့ မျက်ရည်တွေ နဲ့ အဖော်ပြုတယ် ။

ဘဝထဲမှာ LiLi မပါပဲ ရှင်သန်နေရခဲ့တဲ့ နေ့ရက်တိုင်းလိုလိုဟာ အဓိပ္ပါယ်မဲ့ခဲ့ရသလို အကျည်းတန်လွန်းအားကြီးတယ် ။

ကျွန်မ အသည်းနှလုံးတစ်ခုလုံးကြီး စုတ်ပြတ််သတ်နေတာ ကို LiLi ကို မြင်စေချင်ပေမယ့် LiLi ဘယ်နေရာ မှာ အသက်ဆက်ရှင်နေလဲဆိုတာ ကျွန်မ လည်း သေချာမသိပြန်ဘူး ။

တခါတလေ LiLi နေရက်လိုက်တာလို့ အပြစ်တင်ချင်ပေမယ့် အပြစ် မတင်ရက်ဘူး ဘာလို့လဲဆိုတော့ LiLi ကလည်း ကျွန်မ လို ထပ်တူ သတိရနေမယ်ဆိုတာ ကျွန်မ ခံစားသိရှိနေလို့ပဲ ။

မဟုတ်ဘူး LiLi က ကျွန်မ ထက်တောင် ပိုလို့ သတိရ နေအုံးမှာ LiLi က ကျွန်မ သူ့ကို ချစ်တာ ထက် တောင် ကျွန်မ ကို ပိုချစ်သေးတယ်လေ ။

" ဟဲ့ ဒါ Kim Company ရဲ့ Boss မလား "

" အေး ဟုတ်တယ်
ဒီအချိန်ကြီး ဘယ်လိုလုပ်
Kim Group ရဲ့ လုပ်ငန်းရှင် က "

အနား က ဖြတ်သွားတဲ့ ကောင်မလေးတွေ ရဲ့ တစ်ယောက်တစ်ပေါက် ပြောသံများ ကို နား နဲ့ ဖြတ်ခနဲ ကြားလိုက်ရတော့ လှောင်ပြုံးလေး ပြုံးလိုက်မိတယ် ။

Shadow Love in my Eyes ( Completed )Where stories live. Discover now