Part 21

2.4K 237 49
                                    

Unicode Version

သတိရရလာချင်းမှာပဲ မျက်လုံးထဲလည်း
အမှောင်ထုထည်ကြီးကသာ စိုးမိုးနေသလို
တစ်ဖက်လူကိုပြောပြနေတဲ့ ဆရာဝန်မရဲ့ 
ပြောစကားကြောင့်လည်း မျက်ရည်တောင်    
မကျနိုင်တော့သော နာကျင်မှူတချို့နဲ့
စိတ်ထဲလည်း ဘာတွေဆက်လုပ်လို့
လုပ်ရမယ်မှန်းတောင်မသိလေတော့ပါဘူး။ 

မျက်လုံးတွေထဲ ကားမှန်စတွေစိုက်ဝင်လာတဲ့
ဒဏ်ရာကြောင့် မျက်လုံးနှစ်ဖက်စလုံးရဲ့
အမြင်အာရုံတွေဆုံးရှုံးလိုက်ရတယ်တဲ့ ။

အမေကတော့ ထိုစကားကြားကြားချင်း
ပေါက်ကွဲမတတ် ရင်ထုမနာအော်ငိုတာပေါ့ ။

ကျွန်မကတော့ မငိုနိုင်တော့ပါဘူး။
တခါတလေ မျက်ရည်မကျတဲ့နာကျင်မှုက  
သာမန်နာကျင်မှုတွေထက်အဆပေါင်းများစွာ
သာလွန်နေတဲ့အချိန်မှာတော့မငိုနိုင်တော့ပါဘူး။

ရင်ထဲ ဝမ်းနည်းတာကတစ်ခုကတော့ LiLi ရဲ့   
မျက်ဝန်းထဲက အချစ်ရိပ်တွေကိုမြင်လို့
ဖတ်လို့မရတော့တာတစ်ခုကြောင့်ပါပဲ ။

မျက်လုံးတွေမမြင်ရတော့ဘူးဆိုတော့
ကျွန်မကို စိတ်နာနေတဲ့ LiLi ကိုလည်း   
ပြန်ရှာတွေ့ဖို့ကအတော်လေးကိုခက်ခဲသွားလေပြီ။

နောက်ဆုံးတော့လည်း ......
အမှောင်ထုထဲမှာကြီးပြင်းလာတဲ့
ကျွန်မဟာ အမှောင်ထဲမှာပဲ
ဆက်လက်ရှင်သန်နေထိုင်သွားရတော့မှာပေါ့။

ကျွန်မဘက်က ဘယ်လိုနည်းနဲ့မှ
တွေ့အောင်ရှာဖွေလို့ မရနိုင်တော့တာမို့
LiLi သာ ကျွန်မအနားကို အမြန်ဆုံး
ပြန်ရောက်လာပါစေလို့ဆုတောင်းရင်း ။

စောင့်နေမှာပါ အမြဲတမ်းအတွက် LiL ။

ဆရာဝန်မရဲ့နှုတ်က ထပ်ထွက်ကျလာတဲ့ 
စကားတစ်ခွန်းကြောင့်တော့ မျက်နှာထက်   
မျှော်လင့်ချက်ရောင်ခြည်တန်းလေးတော့
အနည်းငယ် ဖြတ်ပြေးသွားမိလေတယ် ။ 

" မျက်ကြည်လွှာအလှူရှင်ပေါ်လာရင်တော့
  လူနာရဲ့မျက်လုံးတွေပြန်မြင်ရလာမှာပါ
  အခုလောလောဆယ်တော့ အလှူရှင်တွေ
  မရှိသေးတဲ့အတွက် ခဏတော့စောင့်ပေးပါ" 

Shadow Love in my Eyes ( Completed )Where stories live. Discover now