Unicode Version
ဒီနိုင်ငံရဲ့ မိုးဦးရာသီဟာသိပ်ကိုလှပပြီး
မြင်တွေ့ရသမျှ ပုံရိပ်တွေထဲမှာလည်း
ကောင်းကင်ပေါ်ကတပေါက်ပေါက်ကျဆင်းလာတဲ့
မိုးပေါက်ကလေးတွေဟာလည်း
မြင်ရသူတိုင်းအတွက် စိတ်အေးချမ်းစဖွယ်ပင် ။အရောင်အသွေးစုံလင်တဲ့ သစ်ရွက်တွေဟာလည်း
လမ်းမတိုင်းလိုလိုပေါ်မှာကြွေချမြေခနေတာ
ဆေးခြယ်ထားသော လှပပပန်းချီကားကဲ့သို့ပင် ။ကားထဲကနေမြင်တွေ့နေရတဲ့မြင်ကွင်းတွေထက်
မကြာခင်ဆုံတွေ့ရတော့မယ့် NiNi ဆိုတဲ့
အချစ်ဦးလေးကြောင့်စိတ်တွေဟာလည်း
မျက်နှာထက်အပြုံးနုနုတွေနဲ့ဝင်းပနေရပါတယ် ။သိပ်ချစ်ရတဲ့အချစ်ဦးရယ် .....
သိပ်လှပတဲ့ မိုးဦးရယ် ......
သိပ်ကိုကြည်နူးစရာကောင်းတာပဲ ။××××××
အရောင်အသွေးစုံလင်တဲ့ပန်းခင်းကြီးထဲကနေ
ဖြတ်သန်းတိုက်ခတ်လာတဲ့လေပြည်တွေကြောင့်
ကော်ဖီရောင်ဆံနွယ်လေးတွေဟာလည်း
လေထဲတလွင့်လွင့်ဖြင့် ။
သိပ်ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက် ။အမေက LiLi ကိုဒီနေ့ဒီနေရာမှာ
သွားစောင့်နေပါလား ဆိုလို့သာ
မျှော်လင့်ချက်ရှိရှိနဲ့လာစောင့်နေတာ ။
အရမ်းတော့လည်း မမျှော်လင့်ရဲဘူး ...........
မျှော်လင့်သလိုမဖြစ်လာရင်
သိပ်ကိုနာကျင်ရတယ်ဆိုတာ
လက်တွေ့ခံစားခဲ့ဖူးတဲ့ ကိုယ်တိုင်သာအသိဆုံးမို့ ။တဖြောက်ဖြောက် ကျဆင်းနေတဲ့
ခေါင်းပေါ်က မိုးပေါက်လေးတွေဟာလည်း
တသွန်းသွန်းတဖွဲဖွဲ အဆက်မပြတ်နဲ့ ။ပန်းခင်းအနားသို့ရောက်လာရသောအခါ
နှလုံးခုန်တွေဟာလည်းရပ်တန့်မတတ်ဒိန်းခနဲပဲ ။
တစ်ချိန်တည်းမှာပဲ ရင်ဘတ်ထဲတဆစ်ဆစ်နဲ့
လွန်စွာနာကျင်ခံစားလာရတာကလည်း
ပန်းခင်းထဲမှာ ဒူးနှစ်ဖက်ကိုလက်နှစ်ဖက်နဲ့
ပိုက််ထားပြီး ငုတ်တုတ်လေးထိုင်နေရှာတဲ့
မိုးရေစိုခံနေသော ပုံရိပ်လေးတစ်ခုကြောင့်
ထီးကိုင်ထားတဲ့ လက်ချောင်းနုနုတွေတောင်
လွှတ်ချမတတ် တုန်ယင်လာသလိုလိုပင် ။
YOU ARE READING
Shadow Love in my Eyes ( Completed )
Fanfiction"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာဆိုရင် တောင်းပန်ပါတယ်လို့တစ်ဖက်ကမပြောလည်း တစ်ဖက်က ချစ်ခြင်းမေတ္တာအရင်းခံလို့ ချစ်စိတ်နဲ့ကြိုတင်ခွ...