Part 7

4.1K 305 33
                                    

Unicode Version

NiNi ဆိုတဲ့ ကောင်မလေးကလေ ကိုယ့်ထက်သာအသက်ကကြီးတာ တကယ်တော့ ကလေးပေါက်စစိတ်လေး ။

ခုလည်းကြည့် သူအိပ်ချင်သေးတာနဲ့ပဲ နိုးနေတဲ့ကျွန်မကို အနောက်ကနေသိုင်းဖက်ထားပြီး ဆက်အိပ်နေသေးတာ ။ 
NiNi ရဲ့အမေကတော့ NiNi ကျွန်မအခန်းထဲလာအိပ်တာသိရင် ငယ်ငယ်တုန်းကလို ပေါက်ပေါက်ဖောက်အုံးမယ်ထင်ပါရဲ့ ။

" NiNi "

NiNiဘက်ကို လှည့်ရင်းခေါ်လိုက်တော့ အကောင်ပေါက်လေး NiNi က အိပ်ချင်မူးတူးအသံလေးနဲ့တော့ ထူးရှာတယ် ။

" အင်း  LiLi "

"ထတော့ NiNi နေမြင့်နေပြီ "

NiNi က သူ့မျက်လုံးတွေကို လက်ဖဝါးနဲ့ပွတ်ရင်းခေါင်းလေးငြိမ့်ပြပေမယ့် အင်းခနဲအပျင်းဆန့်ရင်းနဲ့တော့ ၂မိနစ်လောက်ဟိုလှိမ့်ဒီလှိမ့် လှိမ့်နေသေးတာ။

" NiNi အိပ်ရာကထပါတော့လို့
  LiLi ရဲ့ အူကြူးလေးရဲ့ "

စောနကထက် အသံမြှင့်ပြီးပြောလိုက်တော့ မျက်လုံးလေးတွေကိုမှိတ်ပြီး ခုချိန်ထိငူငူငိုင်ငိုင်လေးနဲ့ အိပ်ရာပေါ်မှာ ငုတ်တုတ်ထိုင်နေသေးတာက NiNi။

နှစ်ယောက်လုံးမျက်နှာသစ်သွားတိုက်ပြီး NiNi မျက်နှာပေါ်ကရေစက်တွေကို သဘက်နဲ့သုတ်ပေးတဲ့အချိန်ထိ NiNiရဲ့မျက်လုံးတွေက မှေးစင်းနေတုန်းပါပဲ။

" NiNi နံနက်စာစားဖို့ လုပ်လိုက်အုံးမယ်
  စားပွဲဝိုင်းမှာ ထိုင်ပြီးသွားစောင့်နေနော် "

အိပ်ခန်းထဲကနေမီးဖိုချောင်ထဲထိ ကျွန်မခါးကိုနောက်ကနေဖက်ပြီး တောက်တဲ့လိုကပ်လိုက်လာတဲ့ NiNiကို ခုံမှာထိုင်စောင့်ဖို့ပြောရသေးတယ် ။
ဒါတောင်ကျွန်မရဲ့ပခုံးပေါ်ကို မေးတင်ရင်း သူကဆက်အိပ်နေဖို့ကြံနေသေးတာ ။

" ဟာ NiNi !!!!!! "

ကျွန်မ အော်ထုတ်လိုက်တော့ ကျွန်မအနားကနေ ခွာသွားပြီးထမင်းစားစားပွဲပေါ်မေးထောက်ရင်း ကျွန်မသူ့အတွက်မနက်စာပြင်ဆင်နေတာကို တမေ့တမောငေးကြည့်နေလေတယ် ။

ကျွန်မနဲ့ NiNiရဲ့ကျောင်းပိတ်ရက် မနက်ခင်းတွေ
ကတော့ ခုလိုမျိုးနဲ့ပဲ ကုန်ဆုံးစေတာများတယ် ။

Shadow Love in my Eyes ( Completed )Where stories live. Discover now