Part 27

3.6K 233 62
                                    

Unicode Version

နေထွက်လာတော့အချိန်လေးတစ်ခုမှာတောင်
LiLi လေးကိုမနှိုးရက်နိုင်တော့တာကလည်း
ချစ်သောစိတ်ကြောင့်သာ ။ကိုယ်ချစ်ရတဲ့သူလေး
အိပ်ရေးမဝမှာကိုစိုးရိမ်တဲ့ စိတ်ဆန္ဒတစ်ခုဟာ
ကျွန်မရဲ့နှလုံးသားထဲ ခိုအောင်းတွယ်ငြိနေလို့။

သို့သော် LiLi ကတော့ အိပ်မက်ထဲကနဲ့မတူပဲ
ဒီတစ်ခါမှာတော့ ကျွန်မ မနှိုးပါနဲ့တောင်
သူ့အလိုလို နိုးထလာခဲ့တာမို့ နံနက်စောစောမှာပဲ
LiLi ရဲ့နဖူးလေးပေါ် ကို အနမ်းလေးတစ်ပွင့်နဲ့
ပြွတ်ခနဲအသံမြည်အောင်မိတ်ဆက်ပေးလိုက်မိတယ် ။ 

" အိပ်ရေးဝအောင် အိပ်လေ LiLi ရဲ့။
  ဒီနေ့ ခွဲခန်းထဲဝင်ရမှာကို ဘာဖြစ်လို့
  အစောကြီး နိုးလာရတာလဲ "

အပြုံးနဲ့အပေါ်စီးကနေ နူးညံ့တဲ့လေသံနဲ့
ပြောကြားလာတဲ့ NiNi ရဲ့မနက်စောစော
အလှပဟာ နေထွက်ချိန်ထက်တောင်
ပိုပြီးတော့လှပနေတာကြောင့် နေထွက်ချိန်ကိုပင်
စိတ်မဝင်စားနိုင်တော့ပဲ NiNi ရဲ့အလှကိုသာ
အရူးအမူး မျက်ဝန်းထဲစိုက်ကြည့်နေခဲ့မိတယ်။ 

ခေတ္တခဏလောက်ကြာမှ ....

" နေထွက်ချိန်ရဲ့အလှတရားလေးကို
  အခုလို မျက်ဝန်းထဲမှာ တသသနဲ့
  ကြည့်ရှုခံစားချင်လို့လေ "

" ရှင်မှားနေပြီ ! နေလုံးက ကျွန်မ မဟုတ်ဘူး
  နေထွက်ချိန်ကို ကြည့်ချင်ရင်ဟိုဘက်ကိုကြည့်"

နှုတ်ခမ်းလေးဆူပြီး အပြင်ဘက်ခြမ်းကို
လက်ညိုးထိုးပြလာတဲ့ NiNi လေးဟာ
ကျွန်မရဲ့ဆိုလိုရင်းကိုလည်း အခုချိန်ထိ
မသိသေးတာကြောင့် ဟက်ခနဲရယ်ချ
လိုက်မိပေမယ့် ချစ်ရသူရဲ့အလှကတော့
မျက်ဝန်းထဲမှာ နဂိုတိုင်းနေရာယူဆဲပါပဲ ။

" ကျွန်မဘဝရဲ့နေထွက်ချိန်လေးဟာ
   မင်းလေးပဲလေ NiNi ရဲ့။ 
   နေထွက်ချိန်ရဲ့ အလှတရားထက်
   စစ်မှန်တဲ့အလှတရားကို မြင်ပြီးတဲ့ 
   နောက်ပိုင်းမှာတော့ လာလီဆာဆိုတဲ့
   ကျွန်မဟာလည်း နေထွက်ချိန်ကို
   စိတ်မဝင်စားနိုင်တော့ပါဘူး NiNi ရယ် "

ကျွန််မရဲ့စကားအဆုံး ကွေးညွှတ်သွားတဲ့
နှုတ်ခမ်းပါးတွေဟာ ဆောင်းတွင်းရဲ့အအေး
ဒဏ်ကြောင့် ကွဲအက်နေသော်လည်း လှပဆဲ။
ထိုနှုတ်ခမ်းပါးတွေကို တစ်သက်စာအမြဲတမ်း
တရှိုက်မတ်မတ် နမ်းရှိုက်ခွင့်ရဖို့အတွက်
ကျွန်မ အသက်ဆက်ရှင်နိုင်ဖို့ကြိုးစားရပေမယ်။

Shadow Love in my Eyes ( Completed )Where stories live. Discover now