Part 11

2.7K 272 46
                                    

Unicode Version

တစ်နေ့တာကျောင်းမှာပင်ပန်းခဲ့သမျှ ညဘက်အချိန်တစ်ခဏတာလေးကိုတော့ LiLi နဲ့ပဲဖုန်းပြောပြီးအပန်းဖြေဖြစ်တာများတယ် ။
ဘာလို့လဲဆိုတော့ LiLi အသံလေးကြားလိုက်ရရင် တစ်နေ့တာပင်ပန်းထားသမျှဟာ ကျွန်မအတွက်အကုန်ချုပ်ငြိမ်းစေတယ်လေ ။ 

" ဟဲလို LiLi "

" NiNi အဆင်ပြေရဲ့လားအဲ့ဒီ့မှာကျောင်းတက်ရတာ"

" LiLi နဲ့မှမတွေ့ရတာ အရမ်းကြီးတော့
  ဘယ်အဆင်ပြေတယ်ဟုတ်မလဲ LiLi ရယ်
  LiLi ကို NiNi အရမ်းလွမ်းနေတာ LiLi သိလား "

" သိပါတယ် LiLi လည်း NiNi ကိုလွမ်းတာပေါ့လို့ "

" အော်ဒါနဲ့ LiLi ကို ပြောရအုံးမယ် သိလား
  နောက်အပတ်ကျောင်းပိတ်ရင် NiNi အိမ်ကို
  ခဏပြန်လာခဲ့ဖို့စီစဥ်ထားပြီးပြီ LiLi "

ဂျန်းနီရဲ့စကားအဆုံးမှာ ဖုန်းထဲစကားသံခေတ္တခဏတိတ်ဆိတ်သွားသူကတော့ လီဆာ ။

တကယ်လို့များဂျန်းနီပြန်လာခဲ့လို့
လီဆာအဲ့ဒီ့အိမ်မှာမရှိတော့ဘူးဆိုတာများ
ဂျန်းနီသိသွားခဲ့သော်.. ။

" အော် NiNi ရယ် ရောက်တာဖြင့်နှစ်လကျော်ပဲ
  ရှိသေးတယ် သုံးလတောင်မပြည့်သေးဘူး
  သွားလိုက်လာလိုက်နဲ့ NiNi ပင်ပန်းနေမှာပေါ့
  နောက်မှအေးဆေးပြန်လာခဲ့ပါလား NiNi ရဲ့ "

LiLi ရဲ့စကားကြောင့်ကျွန်မစိတ်မကောင်းဖြစ်သွားမိတာတော့အမှန်ပဲ LiLi ကိုကျွန်မအရမ်းလွမ်းနေတာကြောင့် LiLi  မျက်နှာလေးကို ကျွန်မအရမ်းမြင်တွေ့ချင်နေတာလေ ။
LiLi ကရော ကျွန်မလွမ်းနေသလိုကျွန်မကိုလွမ်းမနေလို့ဒီလိုစကားမျိုးပြောထွက်တာလား ။

" NiNi ဘက်ကပြန်လာဖို့အကုန်စီစဥ်ပြီးသွားပြီ
  ဒါနဲ့ဘာဖြစ်လို့လဲ LiLi က NiNi ကို
  မလွမ်းလို့လား မတွေ့ချင်လို့လား "

" အယ် မဟုတ်ပါဘူး NiNi ရယ် အထင်မလွဲပါနဲ့
  LiLi က ပိုတောင်တွေ့ချင်သေးတယ်
  စိတ်မဆိုးပါနဲ့နော် သွားလိုက်ပြန်လိုက်နဲ့ဆို
  LiLi က NiNi ပင်ပန်းမှာစိုးလို့ပြောတာပါ "

NiNi စိတ်မကောင်းမဖြစ်သွားအောင်ကျွန်မဘက်ကလည်းအလျင်အမြန်ဖြေရှင်းချက််ထုတ်မိလိုက်တာက NiNi လေးစိတ်မကောင်းဖြစ်သွားမှာကျွန်မ ကိုယ်တိုင်လည်း မလိုလားတာကြောင့် ။

Shadow Love in my Eyes ( Completed )Tempat cerita menjadi hidup. Temukan sekarang