Part 4

3.8K 343 37
                                    

Unicode Version

လာလီဆာဆိုတဲ့ ကလေးလေးရဲ့ အိမ်ကို ရပ်ကွက်တစ်လျှောက် စူးစမ်းမေးမြန်းပြီး ရှာလာခဲ့တာ ခုဆို ဂျန်းနီတို့ မိသားစု သူများအိမ်ထဲတောင်ရောက်နေလေပြီ ။

အိမ်လေးကတော့ တော်တော်ကို ခပ်စုတ်စုတ်ပါ ကြမ်းတွေကလည်း ပေါက်တဲ့နေရာပေါက် ကြမ်းပေါ်ကို ချနင်းမိတဲ့ ကိုယ့်ခြေထောက်ကိုယ်တောင် ကြမ်းကျွံကျမှ ကြောက်ရလေတယ် အဲ့လောက်ထိ ။

ဒီကြားထဲ မိုးရွာရင် မိုးရေရော လုံရဲ့လားမသိပါဘူး အမိုးပေါ်မှာ ဖာထေးထားတဲ့ အဖာတွေကလည်း အပေါက်တစ်ရာ မကပြန်ဘူး ။

ဂျန်းနီရဲ့ အမေကတော့ အိမ်ထဲဝင်လာတာနဲ့ မျက်စိပျက် မျက်နှာပျက်ဖြစ်နေသော်လည်း ဂျန်းနီကတော့ သိတယ်မလား လီဆာဘယ်လိုအခြေအနေမျိုးကပဲ လာလာ လီဆာကို သူရအောင်ကို ခေါ်မွေးစားမှာ ဖြစ်တဲ့အတွက် အရာရာတိုင်းကို ခပ်ပြုံးပြုံးနဲ့သာ ကြည့်နေလေတယ် ။

ဂျန်းနီရဲ့ အရှေ့တည့်တည့်မှာ ဆေးရွက်ကြီးကို လက်ကြားညှပ်ပြီး တဖွာဖွာထိုင်သောက်နေတဲ့ လီဆာရဲ့အမေ အပါအဝင်ကိုပေါ့ ။

သူ့သမီးက ဒီလောက်ဖြစ်ပျက်နေတာဆိုတော့ ဂျန်းနီရဲ့ အမေလည်း ဒီအချိန်မှာ ကိုယ်ကပိုက်ဆံချမ်းသာတာပဲဆိုပြီး မော်ကျော့ကျော့နေလို့တော့ မရတော့ဘူးလေ ။
ကိုယ်ကလည်း သူတို့ပိုင်တဲ့ ပစ္စည်းကိုလိုချင်နေတာမလား ဒါကြောင့်

" ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းက
   အစ်မတို့ရဲ့ သမီး လာလီဆာကို
   ဟော့ဒီ့က ကျွန်မရဲ့ သမီးလေးက
   သူ့ညီမလေးအဖြစ် မွေးစားချင်လို့ပါတဲ့ "

" ဟေ "

လီဆာအမေရဲ့ အံ့သြတကြီး တုန့်ပြန့်မှုအပေါ်မှာ ဂျန်းနီရဲ့ အမေကလည်း အလျင်စလိုအမြန် ပြန်တုံ့ပြန်ခဲ့ပါတယ် ဘာလို့လဲဆိုတော့ သူ့သမီး ဂျန်းနီက ဒါမှဒါဖြစ်နေတာရယ်ကြောင့်  ။

" ခိုင်းစားဖို့ မဟုတ်ပါဘူး
  အမွေစားအမွေခံ စာချုပ်စာတမ်းနဲ့
  သေချာ ကိုယ့်သမီးအရင်းတစ်ယောက်လို
  ပြုစုပျိုးထောင်ပေးမှာပါ "

လီဆာရဲ့ အမေကတော့ သူ့သမီးကို မပေးချင်ဘူးထင်ပါတယ် ခေါင်းတခါခါနဲ့ သက်ပြင်းတွေချည်း လှိမ့်ချနေလေရဲ့ ။

Shadow Love in my Eyes ( Completed )Où les histoires vivent. Découvrez maintenant