Part 14

2.9K 282 46
                                    

Unicode Version


ကိုယ့်ဘာကိုယ်အဆုံးစီရင်ပြီးတဲ့နောက်မှာတော့
နောက်ထပ်အဆုံးမစီရင်မိအောင်အလုပ်တွေကို
ဖိလုပ်ခဲ့တာဟာ LiLi အပေါ်လွမ်းနေတဲ့စိတ်တွေကို
တစ်ဖက်သို့အာရုံလွှဲပြောင်းခြင်းလည်းဖြစ်သလို
ကိုယ့်ကို ညီမလေးတစ်ယောက်လိုသဘောထား
ဆုံးမအကြံပြုပေးတဲ့ အစ်မဂျီဆူးရဲ့
တိုက်တွန်းမှုတွေကြောင့်လည်းဖြစ်ပေတယ် ။

LiLi အပေါ်လွမ်းနေတဲ့စိတ်တွေကိုဘယ်လိုပဲ
စိတ်အာရုံပြောင်းပြောင်းပါ တစ်ရက်မှာ
နှစ်ဆယ့်လေးနာရီလောက်ကတော့
ကျွန်မရဲ့စိတ်အာရုံတွေကို LiLi ကစိုးမိုးထားဆဲပါပဲ။

LiLiအပေါ်အရင်တိုင်းလွမ်းနေသတိရနေခဲ့ပေမယ့်
အရင်ကနဲ့ မတူတော့ပဲပြောင်းလဲလာတာကတော့  
အရက်ဘီယာ‌တွေကိုမိုးမွှန်အောင်သောက်ခဲ့တဲ့ကလေကချေတစ်ယောက်လို မဟုတ်တော့ပဲ
အဖေ့ကုမ္ပဏီမှာတောင်တစ်ထောင့်တစ်နေရာကနေ
အခုဆိုဘဝအတွက်ဝင်ရောက်လုပ်ကိုင်နေပြီလေ ။

LiLi နဲ့ကျွန်မပြန်တွေ့တဲ့အချိန်အခါကျရင်
ကျွန်မတိုးတက်အောင်မြင်လာတာကိုပဲ
LiLi က တွေ့ချင်မြင်ချင်မှာလေ ။

LiLi နဲ့ပြန်တွေတဲ့အချိန်အခါကျရင်.....
လူကိုဒီလောက်အကြာကြီးတစ်ယောက်တည်း
ပစ်ထားခဲ့ချင်အုံးကွယ်ဆိုပြီးတော့
ရင်ခွင်ထဲအားကုန်မိုင်ကုန် ပစ်ဝင်ပြီး 
မျက်နှာအနှံ့အနမ်းတွေတဖြုတ်ဖြုတ်ခြွေလို့
LiLi ကိုအပြစ်ဒဏ်ခတ်မိလိုက်အုံးမှာ ။

အော် ! သုံးနှစ်တောင်ပြည့်တော့မှာပါလား.....
သိပ်သိပ် လွမ်းတယ် LiLi  ။
အချိန်တိုင်းလွမ်းနေခဲ့ပါတယ် LiLi ရယ် .....
မိုးတွေရွာတိုင်းအဆင်ပြေပါ့မလားဆိုတဲ့
စ်ိတ်ပူမှုမျိုးနဲ့စောင့်ရှောက်ခွင့်မရှိတော့တဲ့
လက်တစ်စုံကို သိပ်ကိုလွမ်းတယ်  ။

လွမ်းတယ်.....
ဒါပေမယ့် ကျွန်မအဆင်ပြေတယ် ....
အပြိုပြိုအလဲလဲနဲ့ LiLi ကိုလွမ်းဆွေးနေရတာ
သိပ်ကိုအဆင်ပြေနေပါတယ်လေ ။ 

အခန်းထဲမှာလက်တော့တစ်လုံးနဲ့ကျွန်မ
အလုပ်လုပ်နေတဲ့အချိန်တွေတိုင်း
အမေကအနားရောက်လာတတ်တယ် ။

Shadow Love in my Eyes ( Completed )Donde viven las historias. Descúbrelo ahora