Part 16 ( 🍑🙈 )

6K 355 64
                                    

Unicode Version

( သိပ်တော့မရိုင်းပေမယ့်လည်း
၁၈နှစ်အောက်တွေမဖတ်နဲ့နော် )

ရေအတူတူချိုးမယ်ဆိုပြီး ရေချိုးခန်းထဲကို
ပွေ့ချီခေါ်ဆောင်သွားတဲ့ LiLi ရဲ့လက်တွေပေါ်မှာ
ခန္ဓာကိုယ်လေးကျုံ့ပြီး မှီတွယ်စီးမျောလို့
မှိန့်မှိန့်ကြီးလိုက်ပါသွားမိတာက NiNi ပေါ့ ။

ဂျန်းနီရဲ့အိပ်ခန်းထဲက ရေချိုးခန်းဟာ
တော်တော်လေးကို ကျယ်ဝန်းတာကြောင့်
အခန်းတံခါးကနေ ကန်အဖြူလေးဆီရောက်ဖို့ကို
လီဆာ့ခမျာဂျန်းနီရဲ့ခန္ဓာကိုယ်လေးကိုသယ်ပိုးပြီး
အနည်းဆုံးခြေလှမ်းဆယ်လှမ်းလောက်ကတော့
အမြန်လေး ခပ်သွက်သွက်လှမ်းလာရလေတယ် ။

ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းမှာလည်း
ရင်ခွင်ထဲပွေ့ချီထားမိတဲ့ NiNi လေးဟာ
တစ်စက်ကလေးမှ ငြိမ်ငြိမ်မျှမနေပါဘူး ။
ဘယ်ဘက်ပါးပြင်ပေါ်ကို လက်ချောင်းတွေနဲ့
အနူးညံ့ဆုံးထိစပ်လာကိုင်တွယ်ထားရင်း
ညာဘက်ပါးပြင်ပေါ်သို့ ရောက်လာတဲ့
နှင်းဆီဖူးရောင် နီဆွေးဆွေး NiNi ရဲ့
နှုတ်ခမ်းလေးကြောင့်ရေချိုးကန်ထဲတောင်
မရောက်သေးဘူး ဗရမ်းဗတာဖြစ်လာတဲ့
ရင်ခုန်သံတွေ ။ အသက်ရှူနှုန်းတွေ ။

ရေချိူးကန်အဖြူလေး‌ရဲ့ဘောင်ပေါ်မှာညင်သာစွာ
အောက်ချပေးလိုက်တော့ ကိုယ်မှာပတ်ထားတဲ့
တာဝါဖြူလေးကိုတစ်ပတ်ချင်း တဖြည်းဖြည်း
ဖြည်ချလိုက်တဲ့ NiNi ဟာ LiLi ရဲ့ကိုယ်ပေါ်က
တာဝါလေးကိုပါ မျက်စောင်းထိုးလာပါပြီ ။

" ဒါကြီးပတ်မထားနဲ့တော့ ဖြည်လိုက်တော့လေ "

" ခဏလေးပါ NiNi ရဲ့ ရေချိုးကန်ထဲကို
ရေနဲ့ဆပ်ပြာတွေအရင်ထည့်လိုက်အုံးမယ်လေ "

ကိုယ်မှာပတ်ထားတဲ့ တာဝါကိုအရင်မချွတ်ပဲ
ရေချိုးကန်ထဲကိုဆပ်ပြာတွေအရင်ထည့်နေတဲ့
LiLi ကို သိပ်စိတ်မရှည်တော့တာကြောင့်
လက်တွေရောက်ရာနေရာကလည်း LiLi ရဲ့
ကိုယ်ပေါ်က တာဝါအဖြူပတ်လေးဆီကို ။

NiNi ဆိုတဲ့ကလေးဆိုးလေးဟာသိပ်ဆိုးတယ်
သူများကိုယ်ပေါ်က တာဝါအဖြူပတ်လေးကို
တစ်ပတ်ချင်း ဖြည်ချလိုက်ပြီးတာနဲ့တစ်ပြိုင်နက် သူကိုယ်တိုင်မှာလည်း ကလေးပေါက်လေးလို
ရေကန်ထဲကို အလောတကြီးဗွမ်းခနဲခုန်ပေါက်
ဆင်းသွားတာများ ။ သိပ်ကိုပေါ့ပါးပျော်ရွှင်နေတဲ့
ချစ်စရာအကောင်ပေါက်လေးပမာလိုပါပဲ ။

Shadow Love in my Eyes ( Completed )Tahanan ng mga kuwento. Tumuklas ngayon