Unicode Version
ခမ်းနားထည့်ဝါလှပတဲ့အိမ်ကြီးတစ်ဆောင်အတွင်း ဆူညံသံတွေနဲ့ငြင်းခုံသံတွေကတော့ ပွက်လောရိုက်နေလေတယ် ။
" ဂျန်းနီကင် နင်ဘာပြောလိုက်တယ် "
" ဟုတ်တယ် ဒီနှစ်ကုန် သမီးကျောင်းပြီးသွားရင်
LiLi နဲ့လက်ထပ်တော့မှာ "" နင့်ဘဝအတွက် ရွေးချယ်စရာလူ
အဲ့လောက်ရှားနေလား ဂျန်းနီကင်
ဒီလိုအတန်းစားမျိုးဆီကလာတဲ့သူကိုမှ နင်က "အဖေ့ဆီက ပထမဆုံးထွက်ကျလာတဲ့စကားသံဟာ ခက်ထန်မာမောက်နေတဲ့လေသံအသွင် ဆောင်နေတာလည်းမဆန်းပါဘူးလေ ။
အဖေဆိုသည်မှာလည်း အမေနဲ့နည်းတူ သိပ်မထူးခြားနားထဲကပဲမလား ။
ဒါကြောင့်လည်းအမေတို့လင်မယားတွေဟာ အသွင်တူလို့ပေါင်းမိတာပဲဖြစ်လိမ့်မယ် ။" မရှားပါဘူး သမီးအတွက် လူမရှားဘူး
ဒါပေမယ့် သမီးချစ်တဲ့သူကိုပဲ
သမီးရွေးချယ်လက်ထပ်မှာ "" နင်မရှက်ဘူးလား ဂျန်းနီ
ဘယ်လိုစိတ်နဲ့များ မိန်းမအချင်းချင်း
ချစ်နိုင်ရတာလဲ "" မရှက်ဘူး အဖေ !
အဖေတောင် အိမ်ထောင်ရေးဖောက်ပြန်တာကို
မရှက်သေးတာပဲ မိန်းမတစ်ယောက်နဲ့
သမာရိုးကျ ချစ်ကြိုက်မိတာကိုရော
သမီးကဘာကိစ္စနဲ့ ရှက်ရမှာလဲ "LiLi ဟာ NiNi အတွက်တော့ အရှက်အကြောက်မရှိတဲ့ ရွေးချယ်မှုလေးတစ်ပါးပါပဲ ဒါကို LiLi ကိုယ်တိုင်လည်းသိရှိလိမ့်မယ်ထင်ပါရဲ့ ။
" မိန်းမရေ နင့်သမီးက ငါ့ကိုပါ
လာစော်ကားပြောဆိုနေပြီ
အဲ့ဒါနင်တို့ ငယ်ငယ်လေးတည်းက
ကျက်ကျက်အလိုလိုက်ပြီးအိမ်ပေါ်ကို
အောက်တန်းစားတွေခေါ်တင်လာလို့
ခုလိုဇာတ်ရှုပ်မျိုးတွေဖြစ်လာရတာ "" အဖေ သမီးချစ်သူကိုအဲ့လိုမပြောပါနဲ့
LiLi ကိုထိရင် သမီးငြိမ်ခံနေမှာ မဟုတ်ဘူး "" အော် နင့်ကောင်မကိုထိတော့ နင်ကနာတယ်ပေါ့
ငါ့တို့မိသားစုရဲ့ဂုဏ်သိက္ခာတွေကို
ရစရာမရှိအောင်လုပ်နေတာကြတော့
ငါကမနာရတော့ဘူးလား "
ŞİMDİ OKUDUĞUN
Shadow Love in my Eyes ( Completed )
Hayran Kurgu"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာဆိုရင် တောင်းပန်ပါတယ်လို့တစ်ဖက်ကမပြောလည်း တစ်ဖက်က ချစ်ခြင်းမေတ္တာအရင်းခံလို့ ချစ်စိတ်နဲ့ကြိုတင်ခွ...