Unicode Version
ချစ်ရသူရဲ့နွေးထွေးသောရင်ခွင်လေးထဲကနေ
ရုတ်တရက်နိုးထလာရတဲ့မနက်ခင်းလေးဟာ
ကျွန်မအတွက်တော့လွန်စွာအဖိုးတန်လှတယ်။
LiLi ရဲ့ရင်ခွင်ထဲမှာတစ်ညလုံးနွေးနွေးလေးနဲ့
အိပ်ခဲ့လို့လားတော့မသိပါဘူး တပ်မက်ခဲ့တဲ့
အိပ်မက်တွေကအစတစ်မျိုးတစ်ဖုံလှပနေခဲ့တာ။ဦးခေါင်းထက်မှာ မျက်လုံးလေးတွေစင်းပြီး
အိပ်စက်နေတာ ကျွန်မသိပ်ချစ်မြတ်နိုးရတဲ့
မိန်းကလေးတစ်ဦးပါလားလို့တွေးကြည့်မိပြန်တော့
ထိုမိန်းကလေးရဲ့ဖြူလွှလွှလည်တိုင်ဆီကိုလည်း
အနမ်းတစ်ပွင့်တယုတယပို့ဆောင်ပေးခဲ့ပြီးပြီ။" နိုးနေပြီလား NiNi "
ပျင်းတွဲတွဲ အသံလှိုင်းလေးတစ်ခုနဲ့အတူ
နွေးတေးတေးအာငွေ့တချို့ဟာ မျက်နှာပေါ်
ရိုက်ခတ်လို့လာခဲ့ပေမယ့် နွေးထွေးနေခဲ့တယ်။" နိုးနေပြီ LiLi ကိုကြည့်မဝလို့
တစိမ့်စိမ့်ကြည့်နေမိတာလေ "အဲ့လိုပြောလိုက်တော့ ပြုံးပြလိုက်တဲ့LiLi ဟာ
သူ့နှာခေါင်းချွန်ချွန်လေးကိုဖက်ထုပ်အသွင်
ပါးလေးတွေထဲထိ ဖိကပ်နမ်းရှိုက်လာပြန်တယ်။" ဒီနေ့ LiLi ကို NiNi ဟင်းချက်ကျွေးမယ် "
" တကယ်လား ! NiNi က ဟင်းတောင်
ချက်ပြုတ်တတ်နေပြီပေါ့ "" ဒါပေါ့ ဝါသနာမပါပေမယ့်လည်း
LiLi ပြန်လာရင်ချက်ကျွေးဖို့အတွက်
စိတ်ဝင်တစား သင်ယူထားတာလေ "
" ကျေးဇူးအများကြီးတင်ပါတယ် NiNi "စကားအဆုံး ကျွန်မရဲ့နှုတ်ခမ်းဖူးဖူးလေးကို
ပြွတ်ခနဲအနမ်းလှမ်းပေးတဲ့ NiNi ဟာ
ကျွန်မရဲ့လက်တစ်ဖက်ကိုပါအားပါပါဆွဲပြီး
ကုတင်ပေါ်မှဆင်းကာ အိပ်ယာပေါ်မှလည်း
လူကိုအတင်းပဲထခိုင်းနေတာကြောင့်
တမင်အကျင့်ယုတ်ပြီးခန္ဓာကိုယ်ကိုအနည်းငယ်
တောင့်တောင့်ကြီး နေထားလိုက်မိတယ် ။" အာ LiLi အကျင့်မယုတ်နဲ့ကွာ ထတော့လို့
သူများကဟင်းချက်ကျွေးမယ်ဆိုတာတောင်
သူက အပျင်းတစ်နေတယ် တကယ်ပါပဲ "စကားအဆုံးသတ်မှာတစ်ဖက်ကနေပြန်လည်
ဆောင့်ဆွဲလိုက်တဲ့အားကြောင့် အိပ်ယာပေါ်
ပြန်လည်ရောက်ရှိသွားတဲ့ NiNi ကိုယ်ကလည်း
LiLi ရဲ့ကိုယ်ပေါ်မှာသာ တစ်ထပ်တည်းကျနေရဲ့။

YOU ARE READING
Shadow Love in my Eyes ( Completed )
Fanfiction"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာဆိုရင် တောင်းပန်ပါတယ်လို့တစ်ဖက်ကမပြောလည်း တစ်ဖက်က ချစ်ခြင်းမေတ္တာအရင်းခံလို့ ချစ်စိတ်နဲ့ကြိုတင်ခွ...