Part 23

2.7K 245 69
                                    

Unicode Version

ကောင်းကင်ပြာပြာကြီးနဲ့ ထိစပ်လုနီးနီးဖြစ်နေတဲ့ 
တောရွာလေးတစ်ရွာရှိ တောင်ကုန်းလေးပေါ်မှာ     
ဖြူလွင့်လွင့် အုတ်ဂူအဖြူရောင်လေး ။

ထိုအုတ်ဂူအဖြူရောင်လေးထဲမှာရှိတာက
ချစ်ရသူရဲ့ အရိုးပြာအိုးလေး ။ 
တိတိကျကျပြောရရင်တော့   
ချစ်ရသူတစ်ဘဝလုံးစာအတွက်ချန်ထားခဲ့တဲ့
နောက်ဆုံးသောအမှတ်တရလက်ဆောင်လေး။

အဲ့ဒီအုတ်ဂူလေးအရှေ့မှာမတ်တပ်ရပ်နေတဲ့
မိန်းကလေးဟာလည်း အသက်သာရှိပြီး
စိတ်ပိုင်းဆိုင်ရာသေဆုံးသွားသော
ပုံမှန်လူတစ်ယောက်မဟုတ်သကဲ့သို့ပင် ။

ထိုမိန်းကလေးရဲ့လက်ထဲမှာကိုင်ထားတဲ့    
စာအုပ်လေးတစ်အုပ်နဲ့ ရင်ခွင်ထဲမှာ
အမြတ်တနိုး ထွေးပွေ့ကာပိုက်ထားမိတဲ့   
ဂစ်တာအဖြူရောင်ကလေးဟာလည်း 
ယခုအချိန်အခါမှာတော့ ပိုင်ရှင်မဲ့စွာဖြင့် ။ 

မနေ့ညက အမေနောက်ဆုံးထုတ်ပေးခဲ့တဲ့
ဒီအရိုးပြာအိုးဟာ LiLi ချန်ထားခဲ့တဲ့   
နောက်ဆုံးသောလက်ဆောင်ဆိုတာ
ဂျန်းနီစိတ်ထဲအခုထက်ထိမယုံနိုင်သေးပါ ။

နောက်လည်းဘယ်တော့မှယုံမှာမဟုတ်ဘူး။ 

အကုန်လုံးက ဂျန်းနီကိုဝိုင်းပြီးလိမ်ညာနေကြတာ !
ဒါမှမဟုတ်လီဆာကဂျန်းနီအပေါ်အချစ်စမ်းနေတာ။

LiLi ရဲ့မွေးရပ်မြေ တောရွာနယ်ပယ်လေးမှာ
LiLi အတွက်သူကိုယ်တိုင်ပဲအုတ်ဂူသွင်းပေးခဲ့တဲ့
ဂျန်းနီဟာ လောကကြီးထဲမှာလီဆာမရှိတော့ဘူး
ဆိုတာတော့ ဘယ်လိုနည်းနဲ့မှမယုံနိုင်သေးပါဘူး။ 

အုတ်ဂူလေးကိုတောင် ဖက်ပြီးမငိုရှာတဲ့
ဂျန်းနီဟာ ငိုချင်နေတဲ့စိတ်တွေကိုတော့   
ကြိတ်မှိတ်ကာ အစွမ်းကုန်ချုပ်တည်းပြီး    
ထိုအုတ်ဂူလေးကိုပဲ ခံစားချက်သေသေ  
မှင်သေသေနဲ့ မတ်တပ်ရပ်စိုက်ကြည့်နေခဲ့တယ်။

LiLi လိမ်နေတာသိတယ် မဖြစ်နိုင်ဘူးဆိုတဲ့
အတွေးတွေကြောင့် ဖက်ပြီးမငိုခဲ့တာဖြစ်မယ်။

ဂျန်းနီစိတ်ထဲမှာ တစ်ထစ်ချယုံကြည်နေတဲ့   
ယုံကြည်ချက်တစ်ခုကတော့ လောကကြီးထဲမှာ
လီဆာကျိန်းသေအသက်ရှင်နေသေးတယ်ဆိုတာပဲ။

Shadow Love in my Eyes ( Completed )Where stories live. Discover now