Unicode Version
အဖြူရောင်လိုက်ကာဇာပါးလေးကို ထိုးဖောက်
ဝင်ရောက်လာတဲ့ နေရောင်ခြည်နုနုလေးဟာ
မျက်နှာပေါ်ကို ကျရောက်လာတဲ့အချိန်မှာတော့
လာလီဆာ မျက်နှာလေးကိုရှံ့တွလိုက်လေသည်။မျက်ခွံလေးတွေကို တဖြည်းဖြည်းချင်းစီ
အားယူဖွင့်ဟနေစဥ်မှာပဲ ရင်ဘတ်ပေါ်တွင်
တစ်စုံတစ်ခုလေးလံစွာခံစားလိုက်ရတာကလည်း
ချစ်ရသူရဲ့ မျက်နှာချောချောလေးသာဖြစ်မည်။မျက်လုံးပွင့်ပွင့်ချင်းမှာပဲ မိမိရင်ဘတ်ပေါ်ကို
ငုံ့ကြည့်လိုက်တော့လည်း ထင်တဲ့အတိုင်းပါပဲ
လူဆိုးမလေးက မျက်လုံးလေးတွေကိုစင်းလို့
မိမိရင်ဘတ်ပေါ်မှာ အိပ်ပျော်လုဆဲဆဲပါပဲ ။ပါးဖောင်းဖောင်းလေးတစ်ဖက်က ရင်ဘတ်ပေါ်
ရောက်နေသော်လည်း ကျန်ပါးဖောင်းဖောင်းလေး
တစ်ဖက်ကတော့ ပန်းနုသွေးလို့နေတာကြောင့်
လက်တစ်ဖက်နဲ့အသည်းယားစွာဆွဲလိမ်လိုက်တော့
တအင်း တအဲနဲ့ အပျင်းကြောဆွဲသံလေးတွေက
သံစဥ်ကမ္ဘာလိုပဲ နားထဲ တိုးခွေ့လို့ဝင်လေတယ်။" အင်းးးး ! အဲ ...... LiLi ရာ !!!
သူနိုးပြီိဆိုတာနဲ့ သူများကိုလာနှိုးတော့တာပဲ "မျက်လုံးဖွင့်ဖွင့်ချင်းမှာပဲ မျက်မှောင်ကုပ်ကာ
ဆူပုတ်ပုတ်နဲ့ပြောတော့ လီလီက အပြုံးတွေ
ကြားထဲကနေ လူကိုစိုက်ကြည့်နေလေတယ် ။" ထပါတော့ NiNi ရယ် ။ LiLi တို့မထရင်
ကလေးတွေ ဗိုက်ဆာနေလိမ့်မယ် ။
LiLi တို့ရဲ့ ကလေးတွေကို နံနက်စာ
ကျွေးရအုံးမယ် မဟုတ်ဘူးလား ။ "အခုလိုမျိုးပြောလိုက်တော့လည်း ဆူပုတ်ပုတ်
မျက်နှာလေးနဲ့ NiNi လေးဟာ ခေါင်းကိုစောင်းလို့
ကုတင်အောက်ဝန်းကျင်ကို ငုံ့ကြည့်လေတယ် ။ကျွန်မကိုမော့ကြည့်နေတဲ့ Leo လေးကို ဖြတ်ခနဲ
တွေ့လိုက်စဥ်မှာတော့ရင်ထဲကြည်နူးသွားမိပေမယ့်
Kuma လေးကိုတော့ မတွေ့ရသေးတာကြောင့်
လန်းဆန်းတက်ကြွခြင်းကတော့ အထွတ်ထိပ်သို့
မရောက်ရှိသေးလေဘူး ။" kuma ကိုလည်း မတွေ့ဘူး LiLi "
" သခင်က အိပ်ပုတ်ကြီးနေလို့ Kuma လေးက
ဗိုက်ဆာဆာနဲ့ စိတ်ဆိုးပြီးတော့
အိမ်က ထွက်သွားတာဖြစ်ရင်ဖြစ်မှာပေါ့ "
CZYTASZ
Shadow Love in my Eyes ( Completed )
Fanfiction"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာဆိုရင် တောင်းပန်ပါတယ်လို့တစ်ဖက်ကမပြောလည်း တစ်ဖက်က ချစ်ခြင်းမေတ္တာအရင်းခံလို့ ချစ်စိတ်နဲ့ကြိုတင်ခွ...