Unicode Version
" အော် NiNi ဒီနေ့ ကျူးလစ်ပန်းအဖြူေလးNiNi ကို မပေးရသေးလို့ "
လက်ထဲမှာ ကျစ်လစ်ပန်းအဖြူရောင်လေးကိုကိုင်ထားတဲ့ LiLi ဟာ NiNiကျောင်းသွားဖို့ ကားထွက်ခါနီးမှာပဲ NiNiရဲ့အနားကိုအပြေးလာပြီး အရင်နေ့တွေတုန်းကလိုပဲ ကျူးလစ်ပန်းအဖြူလေးကို NiNi ရဲ့ လက်ထဲ ထိုးထည့်ပေးလေတယ် ။
ကျစ်လစ်ပန်းအဖြူလေးလက်ထဲရောက်လာတာနဲ့ NiNi ဆီကနေလည်း ထွက်ကျလာတဲ့ စကားလေးတေွလည်း ဟိုးအရင်နဂိုပြောနေကျအတိုင်းပါပဲ ။
" ဒီနေ့ LiLi ရဲ့ကျောင်းကို မလိုက်နိုင်တာနဲ့
ကျောင်းမှာ ရှုပ်မယ်မကြံနဲ့နော်
တစ်ခုခုကြားလို့ကတော့ မလွယ်ဘူးမှတ် "ကားပေါ်က မျက်စောင်းခဲခဲလေးပိုင်ရှင် NiNi ရဲ့ နှုတ်က အမိန့်လိုခြိမ်းခြောက်တဲ့စကားသံမျိုးထွက်လာတိုင်း LiLi ဆိုတဲ့ ကောင်မလေးကတော့ စိတ်မရှုပ်တဲ့အပြင် အပျော်ကြီးပျော်နေလေရဲ့။
ဘာလို့လဲဆိုတော့ NiNi သဝန်တိုတာကို LiLi က သိပ်သိပ် သဘောကျတယ်တဲ့လေ ။ကျောင်းသွားခါနီး ကျူးလစ်ပန်းလေးကို LiLi က လက်ထဲထိုးထည့်ပေးလိုက်တော့ အပြုံးတွေဖြစ်တည်လာရပြီလေ ကျွန်မရဲ့ မျက်နှာတစ်ဝိုက်မှာပေါ့ ။
LiLi ပေးနေကျပန်းလေးတွေဟာ ကျွန်မကို အတော်ကိုပြုစားနိုင်ပါရဲ့ အရယ်အပြုံးနည်းတဲ့ ကျွန်မလို မိန်းမတစ်ယောက်ကိုတောင် အပြုံးတွေရွှင်သွားအောင် လုပ်နိုင်စွမ်းရှိတာကြောင့် ။
ဟုတ်တယ် LiLi ကို ကျွန်မ သိပ်ချစ်နေမိပြီ အရောင်တွေ စွန်းထင်းစွာနဲ့လေ ။
ကျွန်မကို LiLi ပြန်မချစ်ရင်တောင် ကျွန်မအပေါ် သံယောဇဥ်တော့ရှိကောင်းပါရဲ့လေ။
အရင်တုန်းကတော့ လီလီပန်းကလေးတွေကိုပဲ ချစ်တတ်တဲ့ ကျွန်မဟာ အခုဆို ကျူးလစ်ပန်းအဖြူတွေကိုပါ LiLi ကြောင့် ချစ်တတ်လာပါကော။
××××××××××
" ဂျန်း ဖွင့်မပြောတော့ဘူးလား "ကျောင်းကန်တင်းမှာ အဆက်အစပ်မရှိ မေးလာတဲ့ သူငယ်ချင်းလို အစ်မလိုဖြစ်တဲ့ အစ်မဂျီဆူး စကားကြောင့် ကြောင်သွားပေမယ့် စိတ်ထဲကတော့ အစ်မဂျီဆူးရဲ့ ဆိုလိုရင်းကို သိနေလေတယ် ။
STAI LEGGENDO
Shadow Love in my Eyes ( Completed )
Fanfiction"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာဆိုရင် တောင်းပန်ပါတယ်လို့တစ်ဖက်ကမပြောလည်း တစ်ဖက်က ချစ်ခြင်းမေတ္တာအရင်းခံလို့ ချစ်စိတ်နဲ့ကြိုတင်ခွ...