Part 28 ( 🍑🙈 )

5.7K 240 52
                                    

Unicode Version

ဂျန်းနီ ကိုရီးယားကိုခေတ္တခဏပြန်သွားတဲ့
အချိန်ခဏလေးအတွင်းမှာပဲ လီဆာဟာ
ပန်းဆိုင်လေးတစ်ဆိုင်ကို ဖွင့်ထားခဲ့လေပြီ
လီဆာကိုယ်တိုင် ဦးစီးတဲ့ပန်းဆိုင်လေးပေါ့။

ပန်းဆိုင်လေးရဲ့အပြင်ဆင်ကတော့ရှယ်ပဲ
လမ်းမကြီးရဲ့တစ်ဖက်တစ်ချပ်က
မှန်ဘောင်လေးနဲ့ဆိုင်လေးဖြစ်တဲ့အပြင်
ဆိုင်ရဲ့တံခါးအဝင်ဝမှာလည်း ဒေစီပန်းဖြူတွေနဲ့  
သပ်သပ်ရပ်ရပ်စီစီရီရီ အလှဆင်ထားသေးတာ။ 

နှစ်ယောက်တည်းဒီမှာ ဘာအလုပ်မှမလုပ်ကိုင်ပဲ
နေလို့လည်း ကြာရှည်ဆိုအဆင်မပြေဘူးလေ
အဆင်မပြေဘူးဆိုတာ ငွေရေးကြေးရေး
အဆင်မပြေဘူးဆိုတာထက် ဒီအသက်အရွယ်
ရောက်နေပြီဖြစ်တာတောင် ဘာအလုပ်မှမလုပ်ပဲ
ထိုင်စားနေရင် ကြည့်မကောင်းဘူးပြောချင်တာပါ။

ချစ်ရတဲ့ NiNi ရဲ့မိဘတွေက ဘယ်လောက်
ချမ်းသာချမ်းသာပါ ကျွန်မကတော့ NiNi ရဲ့
ပိုက်ဆံကိုမျှော်ကိုးမနေထိုင်ချင်တော့တာကြောင့် 
ဒီပန်းဆိုင်လေးကို ဖွင့်လိုက်တာလည်းပါတယ် ။ 

ဒီပန်းဆိုင်ဖွင့်ဖို့ပြောတုန်းကဆို NiNi နဲ့
အတိုက်အခံပြောပြီး တစ်ပွဲနွှဲခဲ့ရသေးတာ
ချစ်ရတဲ့ပူကြူးလေးကလေ ကျွန်မကိုဘာအလုပ်မှ
မလုပ်စေချင်ပဲ သူ့အနားမှာပဲအမြဲရှိစေချင်တာ
ပန်းဆိုင်ကိုလာမယ့်သူတွေနဲ့လည်း
သူအမြဲသဝန်တိုနေရတော့မှာပဲဆိုပြီး
စိတ်မကောင်းဖြစ်နေရှာသေးတာ ။

အခုတော့ အဲ့ဒီ့ကလေးပေါက်လေးက Korea ကို
အလုပ်ကိစ္စနဲ့ပက်သက်ပြီးခဏပြန်သွားတာမို့လို့
ပန်းတွေနဲ့အတူ လွမ်းဆွေးနေရတာကလည်း
လာလီဆာဆိုတဲ့ ကျွန်မကိုယ်တိုင်ပါပဲ ။

NiNi ဒီကိုပြန်ရောက်လာမှ စိတ်မလေအောင်
ကော်ဖီဆိုင်လေးတစ်ဆိုင်လောက်ဖွင့်ပြီး  
ဦးစီးခိုင်းဖို့ NiNi ကို တိုက်တွန်းပေအုံးမယ်လေ။

×××××××

အဖေကသူ့ကုမ္ပဏီနဲ့ပက်သက်လို့ပြောစရာရှိတယ်
ဆိုပြီးလှမ်းခေါ်လို့သာ မွေးရပ်မြေကိုခေတ္တခဏ
ပြန်သွားရသော်လည်း အသည်းနှလုံးလေးကတော့
ချစ်ရတဲ့ LiLi ဆီမှာသာအပြီးပိုင်ချန်ထားရစ်ခဲ့တာ။

Shadow Love in my Eyes ( Completed )Where stories live. Discover now