Part 10

3K 291 39
                                    

Unicode Version

" လီဆာ သမီးကို အန်တီနည်းနည်းလောက်  စကားပြောချင်လို့ " 

" ဟုတ်ကဲ့ အန်တီ "

လီဆာကတော့ ဂျန်းနီအမေလည်းဖြစ်သူ့ကိုငယ်ငယ်လေးတည်းကခေါ်မွေးစားလာတဲ့သူလည်းဖြစ်တဲ့ ဒီမိန်းမကိုတော့အရမ်းကြီးတော့မကြောက်ရရင်‌တောင်ရိုသေသင့်သလောက်တာ့ရိုသေရလေရဲ့။

ဂျန်းနီအမေကလည်းသူ့ကျေးဇူးရှင်တစ်ယောက်ပဲလေသူ့ကိုခုချိန်ထိမငြိုမငြင်နဲ့ ကျောင်းထားပေး ပညာတွေသင်ပေးခဲ့တာမလား ။   

ဒီနေ့ဂျန်းနီတို့ကျောင်းမှာဆရာကန်တော့ပွဲရှိတာကြောင့်ဂျန်းနီအိမ်မှာမရှိတဲ့ဒီလိုအချိန်ကောင်းဟာ ဂျန်းနီအမေအတွက်တော့ လီဆာကိုခြောက်ပြောချော့ပြောဖို့အခွင့်ကောင်းတစ်ခုပဲလေ ။ 

" ဂျန်းနီကိုအောစီမှာကျောင်းသွားတက်ပေးဖို့
  သူ့ဘဝလေးတိုးတက်ဖို့
သမီးတိုက်တွန်းပေးပါလား လီဆာ
သမီးပဲ ဂျန်းနီကိုချစ်တယ်ဆို "

" ရှင် အဲ့ဒါကလေ "

ဒီစကားကြားတာနဲ့လီဆာလိပ်ပြာလွင့်ထွက်မတတ်ဖြစ်သွားတာဟာ ဒီစကားကိုခေါင်းညိတ်ဖို့အတွက်သူ့အတွက်အတော်ခဲယဥ်းနေတာကြောင့် ။

ဒီလောက်သူနဲ့ခွဲရမှာကြောက်ပါတယ်လို့တဖွဖွပြောနေတဲ့ ဂျန်းနီလေးကိုဘယ်လိုလုပ်များအဝေးကိုတွန်းပို့ရက်မှာလဲနော် ။

" လုပ်ပါသမီးရယ် သမီးပြောမှဖြစ်မှာမို့လို့ပါ
  ဂျန်းနီအဖေက သူ့စကားနားမထောင်ရင်
  ခုလက်ရှိဖြစ်နေတဲ့ဂျန်းနီရဲ့နှလုံးရောဂါကို
  နိုင်ငံခြားမှာဆက်မကုသပေးဘူးလို့
  အန်တီ့ကိုပြောတယ် အန်တီ့သမီးလေးရဲ့
  အသက်ကိုအန်တီစိုးရိမ်လို့ပါ " 

" ရှင် NiNi  မှာ နှလုံးရောဂါရှိလို့လား အန်တီ "

ဟုတ်တယ်လေ ဂျန်းနီမှာနှလုံးရောဂါရှိတယ်လို့လီဆာတစ်ခါမှလည်းမကြားဖူးသလို ဂျန်းနီဘက်ကလည်းတစ်ခါမှလည်းဖွင့်ဟမပြောပြခဲ့ဖူးပါဘူး။
ဒါဆိုတစ်ခုခုတော့ လွဲနေကောင်းလွဲနေလေပြီထင်ပါရဲ့ ။

" ဟုတ်တယ် သမီးဂျန်းနီမှာ
  မွေးရာပါနှလုံးရောဂါရှိတယ်
  သမီးကိုမသိစေချင်လို့ သူမပြောပြတာဖြစ်မှာပေါ့ "

Shadow Love in my Eyes ( Completed )Tempat cerita menjadi hidup. Temukan sekarang