Part 18 ( 🍑🙈 )

4.5K 245 34
                                    

Unicode Version

LiLi သင်ပေးထားတဲ့လက်ကွက်တွေကို
ဂစ်တာတစ်လုံးနဲ့ လေ့ကျင့်နေတုန်းမှာပဲ
ကျွန်မသိပ်ချစ်ရတဲ့ LiLi လေးကတော့
ဝရန်တာကစလို့အခန်းရဲ့နေရာတိုင်းလိုလိုမှာ
လိုက်ကာအဖြူလေးတွေကိုလိုက်တပ်ဆင်နေရဲ့။

လိုက်ကာအဖြူလေး လေမှာလွင့်နေရင်
LiLi က သိပ်သဘောကျတယ်တဲ့လေ။
ပြီးတော့ LiLi က လေပြည်လေညင်းလေး
ဖြစ်ချင်တယ်လို့လည်း ပြောခဲ့ဖူးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ရှိတဲ့နေရာကို
အချိန်မရွေးလွင့်ပြီးရောက်လာနိုင်လို့တဲ့။

" NiNi လိုက်ကာအဖြူလေးတွေလှလားဟင် "

ဝရန်တာနားမရောက်ခင် ပြတင်းပေါက်လေးမှာ
ချိတ်ဆွဲထားတဲ့ လိုက်ကာအဖြူလေးကို
လက်ညိုးထိုးပြပြီး LiLi ကမေးလာတယ် ။

" LiLi လုပ်တာဆို အကုန်လှပြီးသား "

လက်ထဲကဂစ်တာဆီကနေ ချစ်ရတဲ့ LiLi ဆီ
အကြည့်တစ်ချက်လွှဲပြီး အပြုံးနဲ့ပြောတော့
LiLi က သွားသေးသေးလေးတွေစီရီလာတဲ့ထိ
ရယ်မောပြနေတဲ့အပြင် နှုတ်ကနေလည်း ။

" LiLi က လိုက်ကာအဖြူလေးတွေ
လေမှာလွင့်နေရင် သိပ်သဘောကျတာ "

" ကျွန်မသိပါတယ်ရှင့် "

ဂစ်တာကိုဘေးမှာချပြီး လက်လေးပိုက်လို့
ခေါင်းညိမ့်ပြောလိုက်တော့ချစ်ရတဲ့ LiLi က
သူပြောနေကျ စကားလေးတစ်ခွန်းကို
ထပ်ကာပြောလာတာမို့ ကိုယ်တိုင်လည်း
နှုတ်ခမ်းထက်ပြုံးမိရဲ့သားဖြစ်ခဲ့ရတယ် ။

" ဒီလိုက်ကာအဖြူလေးကို တိုက်ခတ်နေတဲ့
လေပြေလေညင်းလေးလည်း တခါတလေ
ဖြစ်ချင်မိတယ် ဘာဖြစ်လို့လဲသိလား "

" သိပ!ကျွန်မရှိတဲ့နေရာကိုအချိန်မရွေးလွင့်ပြီး
ရောက်လာနိုင်တယ်လို့ပြောအုံးမလို့်လား "

ငါးခူအပြုံးနဲ့ ဆရာကြီးစတိုင် မေးစိကို
လက်နဲ့ပွတ်ပြီးပြန်ပြောလိုက်တော့
တဟီးဟီးရယ်မောပြလာတဲ့ LiLi ဟာ
ကျွန်မကိုလည်း ချီးကျူးစကားဆိုတယ်။

" NiNi ကသိပ်တော်တာပဲ !
တစ်ခါပြောပြရင် တစ်သက်လုံးမှတ်မိတယ် "

LiLi က သူ့စကားအဆုံးမှာ ဝရန်တာဆီကို
ပြေးထွက်သွားတာကြောင့် ကျွန်မလည်း
LiLi ပြေးသွားရာဝရန်တာ‌ကို အနောက်နေ
အမြန်ဆုံးလေး လိုက်သွားခဲ့ရလေပြီ။

Shadow Love in my Eyes ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin