Unicode Version
စကားလေးနည်းနည်းလောက်ပြောချင်လို့ပါ
မနေ့က မျက်ဝန်းထဲကအချစ်ရိပ်များတင်တာ
နည်းနည်းလေးတော့စပ်သွားတယ်ထင်တယ်
အဲ့ဒီ့အစပ်ကိုဖြေဖို့အတွက် Reader တွေအတွက်
ကျနော် JenLisa One short လေးတစ်ပုဒ်ကို
ရေးပေးထားပါတယ် ။ ချိုချိုလေးပါနော် 🍬
ဖတ်ချင်တဲ့သူများက fb ရဲ့ Cb ကိုလာခဲ့ပေးပါ ။
နောက်အချိန်ရတော့မှ One Short တစ်စုတည်းကို
Wattpad မှာတင်ပေးပါ့မယ်ခင်ဗျ ။ဒီ fic မှာစပ်တာကိုလည်းအားတင်းထားကြပါ
သိပ်မကြာတော့ပါဘူး 😁 ( ဒီထက်ငိုရဖို့ 🥲 )
စတာပါနောက်တာပါအတည်ပါ 😆နောက်ပြီးပြောချင်တာတစ်ခုကလေ
ဒါဒါတို့တော့မသိဘူး ။ ကျနော်ကတော့
Shadow Love fic ကို သိပ်မအားရဘူး ။
ရေးလက်စ ChaeSoo ficကိုလည်းပေါတောတော
ကြီးလို့ ခံစားလာရလို့ ခဏလေးရပ်ထားတယ်။
အရင်တုန်းကလိုစာရေးဖို့အတွက်အချိန်မရှိတော့
ရေးရတာသိပ်အဆင်ပြေဘူး ။ တကယ်ဆို
Shadow Love ကို ဒီ့ထက် ပိုအကျယ်ချဲ့ပြီး
ဒီထက်စုံအောင် အများကြီးရေးပေးချင်တာ။
ဒီအချိန်မှာ ဇာတ်ကိုထိုးမဆင်းသေးပဲ ဒီ့ထက်
ခံစားချက်တွေကိုဖော်ကျူးပြီး ပြေပြေလေးနဲ့
အေးဆေးသွားရင်ပိုတောင်ဖတ်လို့ကောင်းအုံးမယ်
ဒါပေမယ့်အချိန်မရတာရယ်နောက် fic တွေလည်း
ရှိတာရယ်ကြောင့် နည်းနည်းလောလိုက်ရတာပါ ။
လောလိုက်တာတောင်မှ နောက်မှာအပိုင်းတွေက
တော်တော်လေးကို ကျန်ပါသေးတယ် ။
အလုပ်မလုပ်ပဲစာချည်းပဲ တစ်နေကုန်
ထိုင်ရေးရရင်လည်းကောင်းသားနော်🥲ဒီ fic မှာနည်းနည်းပေါ့ခဲ့ပေမယ့်နောက်ရေးမယ့်
JenLisa ChaeLisa သုံးပွင့်ဆိုင်လေးကျရင်တော့
သေချာလေးရေးပေးနိုင်အောင်ကြိုးစားပါ့မယ်
နန်းတွင်းကတော့ အဲ့ fic တစ်ဝက်လောက်
ရောက်ရင် စရေးပေးဖို့စဥ်းစားထားပါတယ်
JenLisa / ChaeLisa ကတော့ OTP တွေထဲမှာ
ကျနော်အကြိုက်ဆုံး ship နှစ်ခုဖြစ်လို့ပါ
နေကြာရယ် ဒေစီရယ် နှင်းဆီရယ်တွေ့ကြပြီပေါ့
Lisa လေးကို ဝိုင်းလုဝိုင်းချစ်ကြတာပေါ့ 😚
Fic ထှဲာ ROSÈ ရောJane ရောနှစ်ယောက်လုံးက
ဇာတ်လိုက်တွေပါ။ သုံးပွင့်ဆိုင်မို့လို့ အရံမပါပဲ
နှစ်ယောက်လုံးကိုထပ်တူအသားပေးရေးမှာပါ
နောက်ဆုံးမှာ တစ်ယောက်ကိုမရွေးချယ်ခဲ့ရင်
တောင် အဲ့တစ်ယောက်ကတော့ Lisa ရဲ့
ရင်ထဲမှာ အမြဲတမ်းကျန်ခဲ့နေမယ့်ဇာတ်မျိုးပေါ့။
အရွေးချယ်မခံခဲ့ရသူက ဇာတ်သိမ်းပိုင်းမှာဆို
ပိုလို့တောင် အသားပေးရေးခံရအုံးမယ်
( ရွေးချယ်မခံရလည်းဝမ်းမနည်းဖို့ပြောချင်တာ😝)
YOU ARE READING
Shadow Love in my Eyes ( Completed )
Fanfiction"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာဆိုရင် တောင်းပန်ပါတယ်လို့တစ်ဖက်ကမပြောလည်း တစ်ဖက်က ချစ်ခြင်းမေတ္တာအရင်းခံလို့ ချစ်စိတ်နဲ့ကြိုတင်ခွ...