Part 20

2.5K 246 54
                                    

Unicode Version

( ဒီအပိုင်းကို စာတစ်လုံးချင်း
ခံစားဖတ်စေချင်ပါသည် 🤩 )

LiLi အိမ်ကထွက်သွားတာ ဒီနေ့နဲ့ဆို
မှတ်မှတ်ရရ ၃ရက်တောင် ရှိလေပြီ ။

ဘယ်လိုနည်းနဲ့မှကြာကြာ
စိတ်မဆိုးနိုင်တာကလည်း
ချစ်ခြင်းမေတ္တာပါပဲတဲ့ ။

ဒါကြောင့် ကျွန်မ LiLi အပေါ် ကြာကြာ
စိတ်မဆိုးနိုင်တော့ပဲ ကျွန်မကိုယ်တိုင်
မောင်းထုတ်ခဲ့တဲ့ LiLi ကို ကျွန်မဘက်ကပဲ
စပြီး ဖုန်းဆက်ခေါ်နေတာကလည်း
အချိန်တော်တော်လေးကိုကြာကြာပါပဲ။

အဝင် call တွေသာ မပြတ်ဝင်သွားတယ်
ဖြေကြားခြင်းမရှိတဲ့ဖုန်းနံပါတ်လေးကြောင့်
နှလုံးသားထဲထိတဆစ်ဆစ်နာကျင်နေရသလို
အတွေးတွေကလည်း ခေါင်းထဲအပြည့်ပါပဲ။

LiLi ကို ကျွန်မ မောင်းထုတ်လိုက်မိတာ
LiLi ဘက်ကကျွန်မကိုစိတ်များနာသွားပြီလား
LiLi ကျွန်မကို မုန်းများမုန်းသွားလေသလား
ပြီးတော့ LiLi ဘယ်မှာများနေထိုင်နေမလဲ
နေရထိုင်ရတာကော အဆင်ရောပြေပါ့မလား။

ခေါင်းထဲကို တစ်သီကြီး တန်းစီဝင်လာတဲ့
စိုးရိမ်မှုအတွေးတွေနဲ့အတူ မျက်ရည်စတွေ
ကလည်း LiLi နဲ့ ပြသနာတက်တဲ့နေ့ကစလို့
အခုချိန်ထိကို မကုန်နိုင်မခမ်းနိုင်စွာဖြင့် ။

××××××

NiNiရဲ့အိမ်ကနေထွက်လာပြီးရောက်ရှိလာတဲ့
အိမ်ကတော့ ချယ်ယောင်းရဲ့အိမ်ပဲပေါ့။
NiNi သဘောမကျတဲ့သူနဲ့ထပ်ပက်သက်ဖို့
စိတ်ကူးလုံးဝမရှိတာကြောင့် NiNi ဆီကနေ
ထွက်လာတာနဲ့ခြေဦးတည်မိတဲ့နေရာကလည်း
သူငယ်ချင်းချယ်ရဲ့အိမ်လေးပဲဖြစ်နေခဲ့တယ်။

ချယ်ယောင်းက ကျွန်မအတွက်တော့
အမြဲတမ်း သူငယ်ချင်းကောင်းတစ်ဦးပါပဲ။

ကျွန်မကိုဘယ်မှမသွားခိုင်းပဲ သူ့အိမ်မှာပဲ
စိတ်ချလက်ချ အေးအေးလူလူနေခိုင်းတယ်။
အစားသောက်တွေကအစ သေသေချာချာကို
ပြင်ဆင်ပေးတာမို့ သူငယ်ချင်းကောင်းဖြစ်တဲ့
ချယ်ယောင်းအပေါ် ကျေးဇူးလည်းတင်သလို
အတော်လေးလည်း စိတ်ထဲအားနာနေရလေပြီ။

Shadow Love in my Eyes ( Completed )Where stories live. Discover now