Unicode Version
အိမ်ဝန်းခြံကြီးထဲက အမှောင်ကျကျ ထောင့်တစ်နေရာမှာ ကလေးငယ်လေးတစ်ယောက်ရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်စတွေဟာ မိုးရေတွေနဲ့ ရောယှက်နေရုံသာမက ရှိုက်သံတွေဟာလည်း မိုးချုပ်သံတွေကြား တိုးလျလျဖြစ်နေခဲ့လေတယ်။
ညဘက်အပ်ယာဝင်ခါနီး LiLi ကို မတွေ့မိတာကြောင့် တစ်အိမ်လုံးပတ်ရှာနေမိတာ ရင်ထဲမှာအူတွေ အသဲတွေကို ဗြောင်းဆန်လို့ ။
အမေတို့ကတော့ ရှာလို့မရတဲ့အဆုံး အဖေနဲ့ အတူတူ အိပ်ယာဝင်သွားခဲ့ပေမယ့် ရင်တမမနဲ့ အိပ်လို့မရတဲ့သူက ကိုယ်ဖြစ်နေတာကြောင့် အမေမသိအောင် အိပ်ခန်းထဲကခိုးထွက်ပြီး ခြေလှမ်းတွေဦးတည်နေမိတာက LiLi ရှိနိုင်မယ့်နေရာတွေကိုပေါ့ ။
မိုးတွေကလည်း သဲကြီးမဲကြီးရွာချနေတာကြောင့် LiLi ကို စိတ်နှလုံးပိုပူပန်လာရပြန်တာက LiLi က မိုးရေကို ကြောက်တယ်လေ ။
အိမ်တံခါးကို တွန်းဖွင့်လိုက်ပြီး ထီးတစ်ချောင်းနဲ့ မိုးရွာကြီးထဲခြံထဲမှာ တစ်ကိုယ်တည်းဝှေ့ဝိုက်ပြီး စိုးရိမ်တကြီးရှာဖွေနေမိသလို နှုတ်ကလည်း အော်ခေါ်နေမိတာက LiLi ဆိုတဲ့နာမ်စားလေး ။
အမှောင်ထဲမှာ မိုးရေတွေနဲ့အတူ ဆောင့်ဆောင့်လေးထိုင်နေရုံသာမက ကျောပြင်လေးပါ သိမ့်ခနဲတုန်တတ်နေသော LiLi ကိုတွေ့လိုက်ရတော့ ကျွန်မရဲ့ ရင်တွေဟာ ဒိန်းခနဲ ။
မိုးရေတွေကိုကြောက်တယ်လို့ ပြောဖူးတဲ့ LiLi ဟာ ဘာလို့ မိုးရွာကြီးထဲ ထိုင်နေရတာပါလိမ့် ။
LiLi ခန္ဓာကိုယ်ကို ထီးလေးနဲ့ မိုးပေးရုံသာမက LiLi အရှေ့တည့်တည့်မှာပါ တစိုက်မတ်မတ်လေး မတ်တပ်ရပ်ပြလိုက်တော့ LiLi က သိမ်ငယ်တဲ့မျက်ဝန်းလေးတွေနဲ့ လူကို တဖြည်းဖြည်းခေါင်း ခေါင်းမော့ကြည့်လာတယ် ။
မျက်ဝန်းထဲမှာ မျက်ရည်တွေပြည့်လျှံနေတဲ့ LiLi အရှေ့မှာ ကိုယ်ပါ ဆောင့်ဆောင့်လေးလိုက်ထိုင်ချလိုက်မိတာက LiLi နဲ့မျက်လုံးချင်းဆုံပြီး မေးစရာလေးတွေ အနည်းငယ်ရှိလို့ ။
" ဘာဖြစ်လို့လဲ LiLi
ဘာဖြစ်လို့ ငိုနေတာလဲ "" NiNi အမေကပြောတယ်
အာဟာရချို့တဲ့ တဲ့ရောဂါနဲ့
ဒီနေ့ LiLi အမေဆုံးသွားပြီတဲ့
ရက်လည်တဲ့နေ့ သွားချင်သွား
လိုက်ပို့ပေးမယ်တဲ့
မေမေ မရှိတော့ဘူး NiNi 😭 "
ESTÁS LEYENDO
Shadow Love in my Eyes ( Completed )
Fanfic"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာဆိုရင် တောင်းပန်ပါတယ်လို့တစ်ဖက်ကမပြောလည်း တစ်ဖက်က ချစ်ခြင်းမေတ္တာအရင်းခံလို့ ချစ်စိတ်နဲ့ကြိုတင်ခွ...