Part 2

4.8K 404 24
                                    

Unicode Version

" ကိုယ်ကမ်းလှမ်းထားတဲ့ ကိစ္စ
  ဆုံးဖြတ်ပြီးပြီလား ညီမ "

မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ယောက်ကျားတစ်ယောက် ရဲ့ စကားစတင်မှုကြောင့် ကော်ဖီခွက်ထဲ ကို ဇွန်းကိုင်ပြီး မွှေနေတဲ့ လီဆာရဲ့ လက်တွေ က ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့ပေမယ့် နှုတ်ကတော့ စကားတစ်ခွန်း ကို မဆိုင်းမတွ ထွက်လာလေခဲ့တယ် ။

" တောင်းပန်ပါတယ် အစ်ကို
   ညီမ သူ့ကို မမေ့သေးဘူး "

" မင်း သူ့ကို အဲ့လောက်တောင်ချစ်တာပဲလား
  လာလီဆာ တကယ်ဆို မင်း သူ့မိဘတွေ ကို
  စိတ်နာသင့်တယ်နော် " 

" သူ့မိဘတွေ ကိစ္စ က သူနဲ့မဆိုင်ဘူးလို့
  ကျွန်မ ထင်တယ်
  ပြီးတော့ ဟုတ်တယ်
  ကျွန်မ သူ့ကို အဲ့ထက် ကို ပိုချစ်တယ် "

NiNi အရှေ့မှာတောင် တစ်ခါမှ ထုတ်ဖော်မပြောဖူးခဲ့တဲ့ စကားတစ်ခွန်း ကို လူတစ်ယောက်ရှေ့မှာ ပြတ်ပြတ်သာသား ကျွန်မနှုတ် က ထွက်ခဲ့လေပြီ။
ဒီစကား ဟာ NiNi ကျွန်မဆီ က သိပ်ကို မျှော်လင့်တကြီး ကြားချင်ခဲ့တဲ့ စကားလေးတစ်ခွန်းပေါ့ ။

NiNi အရှေ့မှာ ပြောမထွက်ဖြစ်ခဲ့ပေမယ့် နှလုံးသားထဲမှာတော့ အမြဲတမ်းနေယူခဲ့တဲ့ စကားလေးတစ်ခွန်းဖြစ်တာကြောင့် အခုလို အလွယ်တကူ ပြောထွက်လိုက်တာပဲ ဖြစ်လိမ့်မယ် ။

ကျွန်မ ရဲ့အဖြေစကား က ကျွန်မ အရှေ့ က လူအတွက် နှုတ်ပိတ်စကားတစ်ခွန်းတောင် ဖြစ်သွားခဲ့လား မသိပါဘူး စကားတွေအစား သူ့မှာ သက်ပြင်းတွေချည်း လှိမ့်ချနေတာကြောင့် ကျွန်မ ခပ်ဖွဖွ ရယ်လိုက်မိတယ် ။

ကျေးဇူးရှင်ဖြစ်တဲ့ သူ့ဆန္ဒ ကို လိုက်လျောချင်ပေမယ့် ဒီလိုနည်းလမ်းမျိုးနဲ့တော့ ကျွန်မ မဆပ်နိုင်တာမို့လို့ အားနာမိရုံမှအပ တခြားဘယ်အရာမှ မတတ်နိုင်ခဲ့ဘူးလေ ။
×××××××
ရေချိုးခန်းထဲ က ထွက်ထွက်လာချင်း ဖုန်းသံမြည်လာတာကို ကြားလိုက်ရတာကြောင့် အလောတကြီး ဖုန်းရှိရာနေရာ သို့ ပြေးသွားလိုက်မိတယ် ။
ဒီလို ရေမိုးချိုးပြီးလို့ ညဘက်အချိန်တွေဆိုရင် ကိုရီးယားမှာ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ခဲ့တဲ့ ပတ်ချယ်ယောင်း ဆီ က ဖုန်းဝင်လာတတ်တာ လီဆာ ဒတ်ခနဲ သိနေလို့ပဲ ။

Shadow Love in my Eyes ( Completed )Tempat cerita menjadi hidup. Temukan sekarang