Part 3

4K 335 28
                                    

Unicode Version

၈ နှစ်အရွယ်ကလေးငယ်တစ်ယောက်ရဲ့ ငိုသံများ ။

" အဖေ သမီးတို့သားအမိကို မထားခဲ့ပါနဲ့ "

" လာလီဆာ နင့်အဖေကို ဆွဲထားတဲ့
  လက်တွေကို နင်အခု လွှတ်လိုက်စမ်း
  ငါ့သမီးဖြစ်ပြီး နင့်မှာမာန မရှိဘူးလား
  ကဲ့ဟယ် ကဲ့ဟယ် "

" အမေ သမီးကို မရိုက်ပါနဲ့
  သမီးတောင်းပန် အားးးးးးးးး "

အိပ်မက်ဆိုးတွေကြား‌‌ထဲကနေ ရုတ်တရက် လန့်နိုးလာတာရယ်ကြောင့် နဖူးပေါ်မှာ ဘူးသီးလုံးလောက်ရှိတဲ့ ချွေးသီးတွေ အပြိုင်းပြိုင်း စီးကျနေသော်လည်း မှတ်တင်ခုံပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံထဲက ကောင်မလေးရဲ့ ပုံရိပ်ကပဲ ကိုယ့်ရဲ့ စိတ်ကို ခေတ္တခဏအပန်းပြေစေသွားတယ်ထင်ပါတယ် ။

" တောင်းပန်ပါတယ် NiNi 🥺
   NiNi ကို LiLi အရမ်းချစ်ပါတယ် "

ကျွန်မကလည်းနော် တကယ်ပဲ စောက်ရမ်းရယ်ရတယ် သိလား ။
ကိုယ့်ဘေးနားမှာ သူမ တစ်ချိန်လုံးရှိနေတုန်းကတော့ ချစ်တယ်ဆိုတဲ့စကားကို နှုတ်က တစ်ခွန်းတစ်လေးတောင် မဟခဲ့ပဲနဲ့ ခုမှ ဓာတ်ပုံကြီး ကြည့်ပြီး ချစ်တယ်တဲ့လား ။

ဓာတ်ပုံကိုကြည့်ပြီး ချစ်တယ်လို့ အခုလို တဖွဖွပြောနေလို့ရော တစ်ဖက်က သက်ရှိဖြစ်တဲ့ NiNi က ကြားနိုင်မှာတဲ့လား ။
××××××××
ကျွန်မ မှတ်မိသေးတာပေါ့ ကျွန်မ အခုလက်ထဲမှာ ကိုင်ထားတဲ့ ဓာတ်ပုံတွေဟာ ကျွန်မရဲ့ အသက်ကိုတောင် တစ်ချိန်က ဆွဲယူနုတ်သွားနိုင်တယ်ဆိုတာက‌ိုလေ။

ဓာတ်ပုံထဲက လူ ၂ယောက်မှာ
တစ်ဖက်ကတော့ ကျွန်မ သိပ်ချစ်ရတဲ့ LiLi ။ တစ်ဖက်ကတော့ ဘယ်ကမှန်း မသိတဲ့
ယောက်ကျားတစ်ယောက် ။

ဘယ်လိုပဲယှဥ်တွဲပြီး ရိုက်ရိုက်ပါ LiLi ရဲ့ မျက်ဝန်းတွေကို ကျွန်မက ဖတ်နေကျဖြစ်တာကြောင့် ရိုးသားမှုအသွင်သာ ဆောင်နေတဲ့ LiLi ရဲ့ မျက်ဝန်းတွေဟာ ဖတ်စရာမလိုအောင်ကို ထင်ရှားပြီးသား ။

ကျွန်မအပေါ် သိပ်သိပ်ချစ်ခဲ့တဲ့ LiLi ရဲ့ အချစ်တွေကိုလည်း ဒီမျက်ဝန်းတွေထဲကပဲ ဖတ်ခဲ့ရတယ်ဆိုပါတော့ ။

Shadow Love in my Eyes ( Completed )Tempat cerita menjadi hidup. Temukan sekarang