Part 29

3.2K 219 42
                                    

Unicode Version

သူစိတ်လေနေမှာစိုးလို့ ကော်ဖီဆိုင်လေးဖွင့်ဖို့
ပြောမိပါတယ် ။ ကျွန်မရဲ့ဂျမ်းပေါက်လေးကလေ
ကျွန်မစကားနားထောင်ပြီးကော်ဖီဆိုင်လေးတော့
ဖွင့်တော့ဖွင့်ပါရဲ့။ ဒါပေမယ့် အဲ့ဒီ့ကော်ဖီဆိုင်ကို
ဆိုင်ဝန်ထမ်းတွေနဲ့လွှဲထားပြီး ဟော့ဒီ့က
ကျွန်မရဲ့ပန်းဆိုင်လေးမှာပဲတဝဲလည်လည်လုပ်ပြီး
ကပ်ပါးကောင်လေးတစ်ကောင်လိုမျိုး ကပ်ချွဲနေတာ။

အခုကြည့် ကျွန်မက ပန်းစည်းစည်းနေတာတောင်
အနောက်ကနေ ခါးကိုတင်းကျပ်စွာဖက်ထားလေရဲ့။
ထို့ပြင် ကျောပြင်ပေါ်မှာပါ ပါးဖောင်းဖောင်းလေးကို
အပ်လျက် ဂဂျီဂဂျောင်တွေကျနေသေးလေတယ်။

" LiLi !! "

နှုတ်ခမ်းလေးဆူပြီးဂျစ်တိုက်တဲ့လေသံနဲ့
အလိုမကျဟန် စကားကိုဆွဲဆန့်ပြောတော့
LiLi က အပြုံးလေးနဲ့ဦးစွာတုံ့ပြန့်ခဲ့လေတယ်။

" ဘာဖြစ်လို့လဲ NiNi လေးရဲ့ "

" ဒီပန်းစည်းက စည်းလို့မပြီးနိုင်သေးဘူးလား။
ရှင်က ပန်းတွေကို သိပ်ချစ်တာပဲနော် ။
ပန်းတွေနဲ့ထိတွေ့နေရတဲ့အချိန်တွေဆိုရင်
ကျွန်မကို ရှင်က လုံးလုံးမေ့နေရော ။ "

ကလေးဆန်တဲ့ NiNi လေးကြောင့် လက်ထဲက
ပန်းစည်းကို ခုံတန်းလေးပေါ်ပြန်ချလိုက်ပြီး
ဗိုက်ချပ်ချပ်လေးပေါ်မှာတင်ထားတဲ့လက်လေးကို
မိမိလက်နဲ့ ထပ်တူပြုကာ နွေးထွေးမှုပေးလို့
အနောက်ဘက်ခြမ်းကိုလှည့်မူလိုက်တဲ့အခါမှာတော့
မျက်လုံးချင်းထိပ်တိုက်တွေ့ဆုံမှုမှာ မျက်ဝန်းတွေ
အရောင်လဲ့လာတဲ့ NiNi ဟာနှုတ်ခမ်းကိုတော့
ချစ်ဖို့ကောင်းအောင် တစ်မျိုးတစ်ဖုံဆူထားဆဲပါပဲ။

" NiNi သိလား ! NiNi နဲ့ဝေးခဲ့တဲ့
အချိန်ကာလတွေမှာတောင် NiNi ကို
LiLi တစ်စက္ကန့်မှမေ့မရခဲ့ဘူးဆိုတာလေ ။
အခုလို NiNi ဘေးမှာရှိနေတဲ့အချိန်တွေဆို
မေ့ဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်ပါသေးတယ်။ "

ပါးဖောင်းဖောင်းလေးတွေကို လက်ဖဝါးတွေ
ကြားထဲထည့်ပြီး နွေးထွေးမှုပေးလိုက်တော့
အနွေးထွေးဆုံးအပြုံးတွေထွက်ပေါ်လာတဲ့
တည်နေရာဟာလည်း ချစ်ရသူ NiNi ရဲ့
နှုတ်ခမ်းကွေးကွေးလေးတွေသာဖြစ်လေသည်။

Shadow Love in my Eyes ( Completed )Where stories live. Discover now