Part 12

2.8K 261 31
                                    

Unicode Version

ကိုယ်နဲ့မရင်းနှီးတဲ့တိုင်းတစ်ပါးမှာ နေထိုင်ရတဲ့ကိစ္ဓတစ်ခုဟာကျွန်မအတွက်အရမ်းကြီးလွယ်ကူလှတဲ့
ကိစ္စတစ်ခုတော့မဟုတ်ခဲ့ပြန်ဘူး ။   

ဒါပေမယ့် ကျွန်မကံကောင်းတယ်ပဲပြောရမလား  NiNi အမေအကူညီတောင်းလိုက်တဲ့မိတ်ဆွေရဲ့သားက အရမ်းကိုစိတ်သဘောထားပြည့်ရှာပါတယ် ။

NiNi အမေအကူအညီတောင်းထားတဲ့မိတ်ဆွေရဲ့သားမို့လို့ အစကတော့သိပ်မယုံကြည်ရဲခဲ့ပေမယ့်
နောက်ပိုင်းတော့လည်းသူဟာကိုယ့်ကိုညီမလေးအရင်းတစ်ယောက်လို
စောင့်ရှောက်ရုံတင်မကဘူးနေဖို့ထိုင်ဖို့အလုပ်အကိုင်အခွင့်အလမ်းတွေပါ
အကုန်သေသေချာချာစီစဥ်ပေးလာတာ ။

အမေ့ရဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်တဲ့
အဒေါ်တစ်ယောက်ရဲ့အကူညီတောင်းမှုကို
လက်သာခံလိုက်ရတာအစကတော့
သိပ်တောင်ကူညီပေးချင်တာမဟုတ်ဘူး  ။

တကယ်ပါ လွတ်လွတ်လပ်လပ်တစ်ကိုယ်တည်း
နေရတာကိုကြိုက်လို့ဂျပန်မှာတောင်တစ်ယောက်တည်း လုပ်ငန်းတစ်ခုခုလာထူထောင်ပါတယ်ဆို ။

ဒါပေမယ့် မကူညီပေးချင်ဘူးဆိုတာကလည်း
လာလီဆာဆိုတဲ့ကောင်မလေးကို
မတွေ့ခင်အချိန်တစ်ခုအထိပေါ့ ။

အစကတော့ကိုယ့်ညီမလေးအရင်း
တစ်ယောက်လိုသဘောထားခဲ့ပေမယ့်
လီဆာ့ရဲ့ဖြူစင်ရိုးသားမှုတွေနဲ့
အလုပ်ကြိုးစားမှုတွေကြောင့်
လူပျိုကြီးဘဝနဲ့အရိုးထုတ်တော့မယ်လို့
တွေးထားတဲ့တစ်ကိုယ်တည်းသမားကိုယ်ဟာ အနည်းငယ်တော့စိတ်ဝင်စားချင်စပြုလာလေတယ်။

ဒါပေမယ့်ကိုယ့်ဘက်ကဘယ်လိုပဲ
စိတ်ဝင်စားတဲ့အခြေအနေဟန်ပြခဲ့ပြခဲ့ပါ
သူ့ဘက်ကတော့နဂိုပုံမှန်အတိုင်းပါပဲ 
တခါတလေဆို တစ်နေရာရာကိုကြည့်ပြီး
တွေးတောငေးမောနေတတ်တဲ့လာလီဆာရဲ့
မျက်ဝန်းတွေဟာလေအဝေးကြီးကတစ်စုံတစ်ယောက်သောသူကိုတော့
လွမ်းဆွေးတမ်းတနေသလိုမျိုးပဲ ။  
တမှိုင်မှိုင်တထွေထွေနဲ့ ..........  ။

ညီမ ဘာဖြစ်လို့များအဲ့လိုမျိုးအချိန်ပြည့်
မျက်ရည်တွေကြားမှိုင်ထွေနေရတာလဲလို့
ကျွန်တော်ကသိချင်တဲ့စိတ်နဲ့စကားခေါက်
မေးငေါ့ကြည့်လိုက်တော့လာလီဆာဟာ
သူ့အရင်ကအဖြစ်အပျက်တွေကိုကျွန်တော့်အားတစ်ခွန်းမကျန်ဖွင့်ဟရင်ဖွင့်ပြောပြလာလေတယ် ။

Shadow Love in my Eyes ( Completed )Tempat cerita menjadi hidup. Temukan sekarang