Part 22

2.6K 251 45
                                    

Unicode Version

ဖုန်းဝင်လာလာချင်းမှာပဲဆေးရုံကအလုပ်တွေကို
ခဏတာဝန်လွှဲသွားပြီးအပြေးလိုက်သွားမိတာက
သူငယ်ချင်းဖြစ်တဲ့လာလီဆာရှ်ိတဲ့နေရာဆီကိုသာ။

ကျွန်မသူငယ်ချင်းကို ကျွန်မရအောင်ကယ်မှာ
မဖြစ်ဖြစ်တဲ့နည်းနဲ့ကို အသက်မသေရအောင်
ကယ်မှာဖြစ်တာကြောင့် ခြေလှမ်းတွေကအစ
နဂိုနဲ့အတူပဲ ပေါ့ပါးလတ်ဆတ်နေခဲ့လေတယ်။

စိုးရိမ်စိတ်တွေကလည်း ရင်ထဲအလီလီပါပဲ။

လီဆာရှိတဲ့နေရာကိုရောက်လို့ ကားထိုးရပ်
လိုက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ရင်ဘတ်ထဲစို့နစ်နေမှုများစွာဟာအသွင်သွင်။

သစ်ပင်အောက်မှာ မီးလောင်နေတဲ့လီဆာ့ကား ။

မိုးကလည်း တော်တော်လေးရွာထားတာကြောင့်
မီးကဟုန်းဟုန်းတောက်ကြီးတော့မစွဲပေမယ့်
မိုးတိတ်ခါစမှာတော့ မီးကတဖြည်းဖြည်းနဲ့
အရှိန်ရလေပြီ ။

လူသူပြတ်တဲ့နေရာဖြစ်တာကြောင့်မီးသတ်ကားကို
ကျွန်မကိုယ်တိုင်ပဲ ဖုန်းဆက်ခေါ်ခဲ့ရလေတယ်။

မီးသတ်ကားရောက်လာပြီး ခဏအကြာမှာ
မီးငြိမ်းသွားတော့ ကားထဲကမီးသတ်သမားတွေ
ဆွဲထုတ်ခေါ်လာတဲ့ ကျွန်မသူငယ်ချင်းကိုကြည့်ပြီး
မျက်ရည်တွေကြားထဲကနေအော်ခေါ်ခဲ့ရတယ်။

သေသလားရှင်သလားတော့မသိရပေမယ့်
ကျွန်မ သူငယ်ချင်းအသက်ကို
မရရအောင်ကယ်နိုင်မယ့်
ယုံကြည်မှုတွေကတော့
ရင်ဘတ်ထဲ ဖြစ်တည်နေလေတယ်။

မိုက်ရူးရဲဆန်တဲ့သူငယ်ချင်းကိုချစ်လွန်းလို့
အသက်ရှင်အောင်ကိုမရရအောင်ကျွန်မကယ်မှာ။
ကျွန်မသူငယ်ချင်းကိုပြောခဲ့တဲ့စကားအတိုင်း
လီဆာ့အသက်ကိုမရရအောင်ကိုကယ်တင်မှာ။

×××××××

မျက်ကြည်လွှာအလှူရှင်ပေါ်လာပါပြီလို့
ချယ်ယောင်းအသံမဟုတ်တဲ့ တခြားဆရာဝန်
တစ်ယောက်ရဲ့စကားသံကြောင့် ရင်ထဲက
ကမ္ဘာမှာလည်း ပျော်ရွှင်မှုတွေဟာအသီသီ။

အမေပြောတာကတော့ ချယ်ယောင်းက
လွန်ခဲ့တဲ့ သုံးလေးရက်လောက်တည်းက
တခြားသောအရေးကြီးလူနာတစ်ယောက်အတွက်
အရေးကြီးနေလို့ တခြားဆရာဝန်တစ်ယောက်နဲ့
တာဝန်လွှဲပြောင်းပေးခဲ့တယ်လို့တော့ပြောတာပဲ။

Shadow Love in my Eyes ( Completed )Where stories live. Discover now