Unicode Version
မျက်ခွံလေးတွေကို ဖြည်းဖြည်းချင်းအားယူပြီး
ဖွင့်ဟလိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက
ဆေးရုံရဲ့မျက်နှာကြက်ဖြစ်နေခဲ့သော်လည်း
အတွေးထဲမြင်တွေ့ချင်တာကတော့ ချစ်ရတဲ့
NiNi လေးရဲ့မျက်နှာလေးသာဖြစ်လေတယ် ။NiNi လည်းအခုဆို ကျွန်မအပေါ်အတော်လေးစိတ်နာနေလောက်ပြီလို့ ထင်မိသလို NiNi ဆီ
သွားချင်မိတဲ့ ခြေလှမ်းသွယ်သွယ်တွေကိုလည်း
နာနာကျင်ကျင်နဲ့ ရိုက်ချိုးဖျက်ဆီးပါ့မယ်လေ။" သတိရလာပြီလား လီဆာ "
ကုတင်ဘေးနားက ခုံတန်းလေးပေါ်မှာထိုင်ပြီး
ကျွန်မရဲ့မျက်နှာကိုကြည့်လို့ မေးခွန်းထုတ်လာတဲ့
ချယ်ယောင်းကို အပြုံးလေးနဲ့ခေါင်းညိမ့်ပြလိုက်
ပေမယ့်ချယ်ယောင်းဘက်ကတော့ အပြုံးလေးနဲ့
ကျွန်မအပေါ် မတုံ့ပြန်ခဲ့လေဘူး ။" နင်ကသတိရလာပေမယ့် ဂျန်းနီကတော့
အခုချိန်ထိ သတိမရလာသေးဘူး လီဆာ "မျက်နှာမကောင်းစွာနဲ့ပြောလာတဲ့ချယ်ယောင်းရဲ့
စကားကြောင့် ဦးနှောက်အတွင်းပိုင်းဟာလည်း
သွေးယိုစီးသကဲ့သို့ ပိုကိုက်ခဲနာကျင်လာရသလို
ပက်လက်လှဲနေရာကနေလည်း ထထိုင်လိုက်မိတာ
က လျင်မြန်စွာသော မသိစိတ်ရဲ့နှိုးဆော်မှုသာ။" ဟင် ! ဘာဖြစ်လို့လဲ ! NiNi ဘာဖြစ်လို့လဲ
ငါ့ကိုအမြန်ပြောပြပါ ချယ်ယောင်း "စိုးရိမ်တကြီးလေသံမျိုးနဲ့ မေးခွန်းထုတ်တော့
ချယ်ယောင်းက တိုးဖျော့ဖျော့လေသံလေးနဲ့ပဲ။" နင်နဲ့ဝေးပြီးတဲ့နောက်ပိုင်းမှာ အိပ်ဆေးတွေ
အလွန်အကျွံသောက်ရင်းကနေ ရှော့ရသွားတယ်
လို့တော့ ပြောတာပဲ ။ အခုနင့်ဘက်ကဒီလိုလုပ်
လိုက်တော့ ပိုဆိုးသွားတာဖြစ်ချင်ဖြစ်မှာပေါ့ "ချယ်ယောင်းရဲ့စကားအဆုံးမှာ သက်ပြင်းချသံကို
လီဆာကြားလိုက်မိသော်လည်း လီဆာ့ရဲ့ရင်ထဲက
စိုးရိမ်လွန်းလို့ ဖြစ်တည်လာတဲ့နှလုံးခုန်သံတွေ
ကိုတော့ မည်သူကမျှကြားနိုင်လိမ့်မည်မဟုတ်။" ဂျန်းနီကလေ သူသတိမလစ်ခင်အချိန်လေး
အတွင်းမှာတောင် နင်စိုက်ပျိုးပေးခဲ့တဲ့
Cosmos ပန်းလေးကို လက်ထဲမှာ
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့တာတဲ့"

ESTÁS LEYENDO
Shadow Love in my Eyes ( Completed )
Fanfic"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာဆိုရင် တောင်းပန်ပါတယ်လို့တစ်ဖက်ကမပြောလည်း တစ်ဖက်က ချစ်ခြင်းမေတ္တာအရင်းခံလို့ ချစ်စိတ်နဲ့ကြိုတင်ခွ...