Part 26

3.2K 267 89
                                    

Unicode Version

လောကကြီးဟာ ကိုယ်ထင်မှတ်ထားသလို
မလွယ်ဘူးဆိုတာ သိပ်ကိုမှန်တယ်သိလား
ခွဲစိတ်ရက်မတိုင်ခင်မှာပဲ လီဆာ့ရဲ့ရောဂါ
အခြေအနေဟာလည်းပိုပြီးဆိုးရွားလာခဲ့တာကြောင့်
လီဆာ့ရဲ့အနားကနေ တစ်ဖဝါးမှတောင်မခွာပဲ
အချိန်ပြည့်ပြုစုပေးနေတာကလည်း ဂျန်းနီပါပဲ။

ကုတင်ခေါင်းရင်းကို ကျောမှီပြီးထိုင်နေတဲ့  
လီဆာဟာကုတင်ဘေးနားကခုံတန်းရှည်လေးမှာ 
ထိုင်ပြီး သူ့ကိုတစိမ့်စိမ့်ငေးကြည့်နေတတ်တဲ့
ဂျန်းနီကိုအပြုံးလေးနဲ့ပြန်ငေးကြည့်နေခဲ့ပါတယ်။

လီဆာ ပြုံးတယ်ဆိုတာကလည်း
တကယ်တော့ ဖြူဖျော့ဖျော့နှုတ်ခမ်းပါးတစ်စုံ
ကွေးညွှတ်သွားရုံမျှသာဖြစ်လေတယ် ။
သို့သော်  ......
အားမပါတဲ့မျက်ဝန်းတစ်စုံကတော့
ဂျန်းနီအတွက်အမြဲတမ်းလှပနေခဲ့မှာအသေချာပါ။

LiLi ရဲ့ခပ်ညိုညိုမျက်ကွင်းတွေကိုစိုက်ကြည့်ရင်း
ကျဆင်းလာတဲ့မိမိရဲ့မျက်ရည်တွေကိုသုတ်ပစ်ကာ
ပျက်စီးယိုယွင်းနေတဲ့ မျက်နှာတစ်ဝိုက်ကိုလည်း
လက်ချောင်းတွေနဲ့ထိတွေ့ကိုင်တွယ်နေရင်းကနေ
ထွက်ကျလာသော တိုးဖျော့ဖျော့စကားသံ ။

" မနက်ဖန်ဆို ခွဲစိတ်ကုသရတော့မှာမို့လို့
  ခဏလေးပဲ အားတင်းထားပေးပါနော် LiLi "

" NiNi နဲ့ပထမဦးဆုံး စတင်တွေ့ဆုံခဲ့ဖူးတဲ့
   နေရာလေးကို လိုက်ပို့ပေးပါလား "

နောက်ဆုံးထွက်သက်မတိုင်မှီမသေချာတော့တဲ့
ဒီလိုအချိန်ခဏလေးအတွင်းမှာ ငယ်ငယ်က
ကျွန်မတို့နှစ်ယောက်စတင်တွေ့ဆုံခဲ့ဖူးတဲ့
နေရာလေးဆီကိုကျွန်မသိပ်ချစ်ရတဲ့ NiNi နဲ့
အတူသွားချင်သေးတာမို့ မျက်နှာငယ်လေးနဲ့
တောင်းဆိုလိုက်တော့ NiNi ဘက်ကလည်း
မျက်ရည်လဲ့သောအပြုံးနဲ့ခေါင်းညိမ့်ပြခဲ့ပါတယ်။

" လိုက်ပို့ပေးပါ့မယ် ဒါပေမယ့်
   LiLi ဘက်ကတော့ ကတိတစ်ခု
  ပြန်ပေးရမယ် အဆင်ပြေလား "

" အခုလို နှစ်ယောက်အတူတူရှိနေပြီ
   ဖြစ်တာတောင် ဘာကတိတွေ
   ထပ်တောင်းအုံးမလို့လဲ NiNi ရဲ့"

Shadow Love in my Eyes ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ