Part 8 ( 🍑🙈 )

7.1K 310 29
                                    

Unicode Version

ဂျန်းနီတစ်ယောက် ညအိပ်ဝတ်စုံလေးနဲ့ရေချိုးခန်းထဲကနေထွက်လာတဲ့ဖက်ရှင်လေးက တအားကိုချစ်ဖို့ကောင်းနေလားမသိဘူး ဒီမြင်ကွင်းကိုလာလီဆာကတော့အချိန်အတော်အတန်ကြာတဲ့အထိကိုမျက်ဝန်းလဲ့လဲ့တွေနဲ့ စိုက်ကြည့်နေခဲ့တာ ။

မျက်ဝန်းထဲမှာ အချစ်ရိပ်တွေလည်းပါတာပေါ့...... ။

" ဘာလို့ လူကိုဒီလောက်စိုက်ကြည့်နေတာလဲ "

ကုတင်ဘေးကိုခြေထောက်ချထားပြီးကုတင‌်ပေါ်ထိုင်နေတဲ့လီဆာ့အရှေ့တည့်တည့်မှာလက်ပိုက်မေးခွန်းထုတ်နေတာကြောင့် ဒီမေးခွန်းကိုလီဆာပြန်ဖြေမှကိုဖြစ်တော့မယ်လေ ။

" ချစ်ဖို့ကောင်းလို့ "

" ချစ်လို့ လို့ဖြေရင် သူသေသွားမှာကျနေတာပဲ "

ဘုဆတ်ဆတ်ပြောလာတဲ့NiNiကိုရင်ခွင်ထဲဆွဲခေါ်လိုက်တော့ မလိုက်ချင်လိုက်ချင်နဲ့လိုက်ပါလာတဲ့ NiNiဟာကိုယ့်ရင်ခွင်ထဲမှာလည်း လည်တမော့မော့နဲ့ မေးခွန်းထပ်ထုတ်လာလေတယ် ။

" ချစ်လားလို့ ဖြေလေ "

LiLi ကျွန်မကိုဘယ်လောက်ချစ်လဲဆိုတာ LiLi ရဲ့မျက်ဝန်းတွေထဲကကျွန်မသိရသလို LiLi ရဲ့အချစ်တွေကိုလည်း ကျွန်မနှလုံးသားထဲကနေခံစားသိရှိနေရပါတယ် ။
ဒါပေမယ့်ဘာဖြစ်လို့လဲတော့မသိဘူး LiLi ဟာချစ်တယ်ဆိုတဲ့ စကားလုံးလေးတစ်ခွန်းထွက်ဖို့ကို သူခမျာတော်တော်ခဲယဥ်းနေရှာတာ ။

ကျွန်မဘက်ကချစ်တယ်လို့ပြောပြီးသူ့ဘက်ကိုချစ်လားလို့ကျွန်မဘက်ကပြန်မေးခွန်းထုတ်လိုက်တဲ့အချိန်မျိုးဆိုရင်လေ LiLi ခမျာ သူ့လည်ချောင်းထဲမှာ အစိုင်အခဲတစ်ခုခုစို့နစ်သွားသလိုမျိုးပဲ တအင့်အင့် တဆန့်ဆန့်နဲ့ ။

တကယ်ပါပဲ LiLi ဟာ မိန်းကလေးချင်းချစ်တယ်လို့ပြောရမှာကိုရှက်နေတာများလား။

ခုလည်းကျွန်မရဲ့အမေးစကားထွက်ကျလာရာနေရာကို သူ့အနမ်းတွေနဲ့စိုးမိုးပိတ်ချလိုက်တာကြောင့် ကျွန်မဝယ်ဘယ်အမေးစကားကိုမှထပ်မံမေးခွန်းမထုတ်နိုင်လေတော့ ။

ဒီနေ့တစ်အိမ်လုံးမှာကိုယ်တွေ၂ယောက်တည်းပဲရှိနေတာကလည်း ရင်ခုန်သံတွေကိုအရင်နေ့တွေကထက် ပိုဝုန်းဒိုင်းကြဲလာအောင်ဖန်တီးပေးလိုက်သလိုမျိုးပါပဲ ။

Shadow Love in my Eyes ( Completed )Onde histórias criam vida. Descubra agora