Part 24

2.9K 260 61
                                    

Unicode Version

ကံကောင်းထောက်မစွာနဲ့ပဲကျွန်မရဲ့သူငယ်ချင်း
လီဆာ့ရဲ့အသက်ကိုကျွန်မရဲ့ကတိစကားအတိုင်း
ကယ်တင်နိုင်ခဲ့သော်လည်း ခန္ဓာကိုယ်တစ်ခုလုံး
ကိုတော့ စင်းလုံးချောဖြစ်အောင်မကယ်တင်
နိုင်ခဲ့တာမို့ ရင်ဘတ်ထဲလည်းနောင်တတွေ
တစ်သီတစ်သန်းကြီးနဲ့ အလဲလဲအကွဲကွဲပါပဲ။

တကယ်တော့ ကျွန်မနောင်တရမိတာတစ်ခုက
လီဆာအခုလိုမျိုးတကယ်မလုပ်လောက်ဘူးဆိုပြီး
စိတ်ထဲလျှော့တွက်လိုက်မိတာမို့ ဆေးရုံပေါ်မှာ
မျက်ကြည်လွှာအလှူရှင်ပေါ်လာပြီဆိုတာကိုလည်း
ချက်ချင်းလည်းဖုန်းဆက်မပြောမိလိုက်သလို
ထိုနေ့တစ်နေ့လုံးမှာလည်း တခြားအရေးကြီး
လူနာတွေအပေါ်ပဲ ဂရုစိုက်ဦးစားပေးနေမိတာ။

ဟုတ်တယ် ! ကျွန်မသူငယ်ချင်းရဲ့အသက်ကို
ခဏတာမေ့လျော့ပြီးတခြားသောလူနာတွေကိုသာ
အဲ့ဒီ့နေ့က ဦးစားပေးနေမိတာဟာ ကျွန်မအမှားပဲ။

လီဆာ ကျွန်မဆီဖုန်းဆက်ပြီး အကျိုးကြောင်း
ပြောပြီးလို့ထိုကိစ္စကိုကျွန်မပြန်ပြောဖို့အလုပ်မှာပဲ  
လီဆာဟာ ဖုန်းချသွားခဲ့တဲ့အပြင် ဖုန်းတောင်    
မကိုင်တော့တာမို့ အရာအားလုံးဟာလည်း
နှာခေါင်းသွေးအပြက်ပြက်ဖြစ်လာခဲ့လေတာ ။

ကျွန်မအချစ်ဆုံးသူငယ်ချင်းကိုအသက်ရှင်အောင်
ကယ်တင်နိုင်ခဲ့သော်လည်း မီးလောင်ဒဏ်ရာ
ကြောင့် ပျက်စီးသွားသောလီဆာ့ရဲ့မျက်နှာကို 
မြင်တိုင်း ကျွန်မရင်တွေတဆစ်ဆစ်နာကျင်ပါရဲ့။

ထို့ကြောင့် အသက်သာဆက်လက်ရှင်သန်
နိုင်သော်လည်း မျက်နှာပျက်စီးသွားသော
သူငယ်ချင်းရဲ့မျက်နှာကိုရင်ခွင်ထဲထည့်လို့  
ငိုခဲ့ရတာကလည်း အကြိမ်ကြိမ်အခါခါပါပဲ။

နောက်ပြီးလီဆာကကျွန်မကိုပြောတယ်
ကျွန်မတောင် သူ့မျက်နှာကိုမြင်ရတာ
ဒီလောက်နာကျင်နေရရင် သူ့လိုမိန်းမကို  
အသည်းခိုက်အောင်ချစ်မြတ်နိုးမိနေတဲ့    
ဂျန်းနီဆိုဘယ်လောက်တောင်နာကျင်ရမလဲတဲ့။
ဘယ်လိုနည်းနဲ့မှ သူ့ရဲ့စုတ်ပြတ်သတ်သွားတဲ့  
မျက်နှာကို ဂျန်းနီကိုမမြင်စေချင်ဘူးဆိုပဲ ။

Shadow Love in my Eyes ( Completed )Donde viven las historias. Descúbrelo ahora