Unicode Version
LiLi ကိုလိုက်ရှာခဲ့တယ် ရှာခဲ့တာမှနေရာစုံကို
လိုက်ရှာခဲ့တာ ။နောက်ဆုံး LiLi မိတ်ဆက်ပေးခဲ့ဖူးတဲ့
ပတ်ချယ်ယောင်းဆိုတဲ့ ဆေးကျောင်းက
LiLi ရဲ့အချစ်ဆုံးသူငယ်ချင်းဆီမှာတောင်
သွားစုံစမ်းခဲ့ပါသေးတယ် ။ဒါပေမယ့် ပတ်ချယ်ယောင်းကလည်း
ကိုယ့်ကိုတွေ့တာနဲ့ ဘူးတစ်လုံးဆောင်
အိုတောင်မဆင်းရဲဘူးဆိုတဲ့စကားကို
နှုတ်ကတရစေများကျင့်ထားလားမပြောတတ်
သူ့ဆီက မသိဘူးမရှိဘူးဆိုတဲ့စကားကလွဲရင်
ကျန်တာဘာအစအနမှမရခဲ့ဘူး ။LiLi က သူ့သူငယ်ချင်းကိုပါအပြီးအပိုင်
နှုတ်ပိတ်သွားခဲ့တယ်ထင်ပါတယ်
LiLi ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတော့လည်း
LiLi ရဲ့စကားနားထောင်တာတော့
အဆန်းတော့မဟုတ်ခဲ့ပြန်ဘူး ။ဆန်းတာက သူနဲ့ LiLi ရဲ့တူညီတဲ့မျက်ဝန်းတွေ
လိမ်နေတာကိုထုတ်ဖော်ပြသနေတဲ့
သူတို့ရဲ့မျက်ဝန်းတွေ ............... ။" ဂျန်းနီကင်နင်ဟိုမှာကျောင်းမသွားတက်တော့ဘူး
ဆိုရင်လည်းငါ့လုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်ဖို့
ကိုယ့်ဘာသာကိုယ်နင်ပြင်ဆင််ထားတော့ "ဆိုဖာခုံပေါ်မှာငုတ်တုတ်ထိုင်ပြီး TV ပွင့်ရာဘက်ကို
မျက်နှာမူထားတဲ့ဂျန်းနီကိုကြည့်ပြီးသူ့အဖေက
ခတ်ပြတ်ပြတ်စကားဆိုလာတယ် ။TV ထဲမှာထင်ဟပ်ပြသနေတာကလည်း
မိန်းကလေးနှစ်ယောက်နမ်းရှုံ့နေသည့်အခန်း ။ထိုအခန်းကပဲဂျန်းနီရဲ့အလွမ်းတွေကို
နှလုံးသားထဲထိနက်နက်ရှိုင်းရှိုင်း
တသသပြန်လည်ပေါ်ပေါက်လာစေတယ်လေ ။" စောရီးပဲအဖေ LiLi နဲ့ပြန်မတွေ့မချင်း
သမီးဘာမှမလုပ်ချင်ဘူး
LiLi ကို သမီးအရမ်းလွမ်းနေတယ်
တကယ်ဘယ်အရာမှအဆင်မပြေဘူး "အဖေဟာဂျန်းနီရဲ့လက်ဖဝါးထဲကတီဗီရီမုကို
ဆွဲဆောင့်ယူလိုက်သာမကတီဗီဖန်သားပြင်ပေါ်က
ထွက်လာတဲ့ပုံရိပ်တွေကိုပါပျောက်ကွယ်သွားအောင်
ခလုတ်လေးတစ်ချက်ကို ဖိနှိပ်လို့ ။တီဗီထဲကပုံရိပ်တွေဟာဖန်သားပြင်ပေါ်
တစ်ခဏအတွင်းပျောက်ကွယ်သွားခဲ့ရပေမယ့်
ဂျန်းနီရဲ့ရင်ဘတ်ထဲက အလွမ်းတွေ
အချစ်တွေ သစ္စာတွေကတော့
လောကဓံရဲ့ဘယ်ခလုတ်နှိပ်နှိပ်ပါ
မပျောက်ကွယ်မကွယ်ပျောက်တဲ့အပြင်
တစ်သက်လုံးတည်မြဲနေမယ့်အရာတွေလေ ။
YOU ARE READING
Shadow Love in my Eyes ( Completed )
Fanfiction"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာဆိုရင် တောင်းပန်ပါတယ်လို့တစ်ဖက်ကမပြောလည်း တစ်ဖက်က ချစ်ခြင်းမေတ္တာအရင်းခံလို့ ချစ်စိတ်နဲ့ကြိုတင်ခွ...