Unicode Version
အတူတူရှိခဲ့ရတဲ့ အချိန်နာရီနေ့ရက်တွေ
အတူတူနိုးထခွင့်ရခဲ့တဲ့ မနက်ခင်းတွေ
အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းသွယ်သွယ်တွေ
နှစ်ယောက်အတူတူဆိုတဲ့ခေါင်းစဥ်လေး
အောက်မှာပဲ NiNi နဲ့ ယှဥ်တွဲနေထိုင်ခဲ့တာ
အချိန်အနည်းငယ်တောင်ကြာခဲ့လေပြီ ။အစ်ကိုထယ်မင်းကကျွန်မဆီစာပို့လာတယ်
သူ ကိုရီးယားကိုအလည်ရောက်နေတယ်တဲ့
ဒီကိုရောက်တုန်းရောက်ခိုက် ကျွန်မနဲ့
ခဏတဖြုတ်တွေ့သွားချင်တယ်လို့ပေါ့။သူ့ဘက်ကရိုးရိုးသားသားနဲ့ဖုန်းဆက်ပြီး
ခေါ်တာကို ကျွန်မသိပေမယ့် သူ့ဖုန်းကို
ကျွန်မ မကိုင်ရဲသလို သူနဲ့လည်းအပြင်မှာ
နှစ်ယောက်တည်းသွားမတွေ့ချင်ဘူး ။NiNi ကို ကျွန်မကတိပေးခဲ့ပြီးပြီမလား ။
အကယ်၍ ကျွန်မသွားတွေ့ခဲ့လို့
NiNi သာ ပြန်သိသွားရင်အရမ်းခံစားရမှာ
ကျေးဇူးမသိတတ်တဲ့သူတစ်ယောက်
ကျေးဇူးကန်းတဲ့သူမျိုးတစ်ယောက်
ဖြစ်ရင်လည်း ဖြစ်ပါလိမ့်စေပါတော့လေ။အတ္တကြီးစွာနဲ့ NiNi ကိုတော့ အချစ်ရေးမှာ
စိတ်ချမ်းသာစွာနဲ့ ပျော်ရွှင်စေချင်သေးတယ်
ကျွန်မကြောင့်ကိုယ့်ဘာကိုယ်သတ်သေတဲ့အထိ
သူအများကြီး နာကျင်ခံစားခဲ့ရတယ်မဟုတ်လား။ဒါကြောင့် တစ်ဖက်က ဘယ်လောက်ပဲ
ဖုန်းခေါ်ခေါ် လုံးဝမကိုင်ခဲ့လေဘူး ။
ကျွန်မဘဝမှာ NiNi လေးသာအရေးကြီးဆုံးမို့ ။×××××
" မြန်မြန်ပြန်လာခဲ့နော် LiLi
ဒီက အကြာကြီးမခွဲနိုင်ဘူးဆိုတာ
LiLi သိတယ်မလားလို့ "" ဟုတ်ပါပြီ NiNi လေးရဲ့
ခဏလေးပဲနော် မကြာစေရဘူး "ကျောင်းကိစ္စနဲ့ပက်သက်ပြီး အရေးကြီး
အပြင်သွားစရာကိစ္စရှိလို့ သူ့ company
ရုံးခန်းထဲမှာ မနေနိုင်တော့ဘူးဆိုတော့
ရင်ခွင်ထဲတိုးဝင်ပြီးချွဲနေတဲ့ NiNi လေး။NiNi က သူအလုပ်ရှိတဲ့နေ့တွေဆိုလည်း
သူ့ company ရုံးခန်းထဲထိ ကျွန်မကို
စိတ်မချစွာနဲ့ ခေါ်သွားတတ်သေးတာ။

YOU ARE READING
Shadow Love in my Eyes ( Completed )
Fanfiction"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာဆိုရင် တောင်းပန်ပါတယ်လို့တစ်ဖက်ကမပြောလည်း တစ်ဖက်က ချစ်ခြင်းမေတ္တာအရင်းခံလို့ ချစ်စိတ်နဲ့ကြိုတင်ခွ...