Unicode & Zawgyi
Unicode
ညဆယ်နာရီ။
မှောင်မိုက်လှသောဆိုးလ်၏လမ်းမတစ်နေရာသည်လရောင်၏ပက်ဖြန်းမှုကြောင့် အလင်းရောင်အနည်းငယ်ဖျာကျနေသည်။ နေ့လယ်ခင်းကကြွေကျနေခဲ့သောမေပယ်ရွက်များမှာလည်းဟိုတစ်နေရာ၊ဒီတစ်နေရာ။သို့သော်သိပ်မကြာလိုက်။အရှိန်ပြင်းစွာမောင်းနှင်နေသောဆိုင်ကယ်တစ်စီးကြောင့်မေပယ်များသည်လည်းလမ်းဘေးသို့ဆင်းပေးလိုက်ရသည်။Ducati Monsterဆိုင်ကယ်၏အင်ဂျင်သံကြောင့်တိတ်ဆိတ်နေသောလမ်းမသည်ပင်လျှင်ခဏအတွင်းဆူညံသွားရသည်။အနက်ရောင်သားရေဂျာကင်ကိုအနက်ရောင်Helmetနှင့်တွဲဖက်ဝတ်ဆင်ထားသောထိုအနက်ရောင်လူသားကိုလမ်း၏မှောင်မိုက်နေမှုကြောင့်ကောင်းကောင်းမမြင်ရ။
ထိုခဏအတွင်းမှာထိုလူသား၏နားအတွင်းပျံ့လွှင့်လာသောသံစဉ်အချို့။ထို့ကြောင့်နားအတွင်းတပ်ဆင်ထားသော Bluetooth budsကိုတစ်ချက်နှိပ်လိုက်သည်။
"ပြောယောန်ဂျွန်း....."
"နေ့လယ်ကလိုက်ထားတဲ့အမှုတွဲဖိုင်အဖွဲ့မှူးများယူသွားသေးသလားလို့"
"မယူဘူး....."
"ကျွန်တော်လည်းမတွေ့ဘူးအဖွဲ့မှူး.....ဖိုင်တွေထားတဲ့စင်မှာလည်းရှာမတွေ့ဘူး"
"ငါပြောမယ်ကွာ.....ငါ့ရဲ့စားပွဲ......"
ယောန်ဂျွန်းကိုဖိုင်ထားတဲ့နေရာပြောပြမလို့ပြင်နေစဉ်လမ်းဘေးမှထွက်လာတဲ့အရိပ်လေးကြောင့်ဂျောင်ကုဆိုင်ကယ်ကိုဘရိတ်ဖမ်းအုပ်လိုက်မိသည်။အရှိန်သတ်ခြင်းမရှိဘဲဘရိတ်အုပ်လိုက်မိတာကြောင့်ဆိုင်ကယ်ကချော်ထွက်ပြီးလဲတော့သည်။သားရေဂျာကင်ခံနေတာကြောင့်ရော၊Helmetကြောင့်ရောဘာမှမဖြစ်ပေမဲ့စိတ်အချဉ်ပေါက်သွားတာတော့အမှန်။
"အဖွဲ့မှူး.....အဆင်ပြေရဲ့လား"
"ငါ့စားပွဲမှာရှာကြည့်လိုက်ယောန်ဂျွန်း"
ပြောပြီးတာနဲ့ဖုန်းကိုချကာhelmetကိုချွတ်ပြီးထိုအနှီလူသားဆီလျှောက်သွားမိသည်။နေ့လယ်ကအမှုကြောင့်လူကဒေါသဓာတ်ခံလေးပါလာတာကြောင့်ထိုလူသားဆီတည့်တည့်မတ်မတ်လျှောက်သွားလိုက်မိပြီးသူ့ရှေ့မတ်တပ်ရပ်ကာခါးထောက်ထားလိုက်မိသည်။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]