Unicode & Zawgyi
Unicode
သရဲတစ္ဆေကိုမယုံကြည်သောဂျောင်ကုတောင်နည်းနည်းတွေဝေသွားရသည်။သူအခုမြင်လိုက်ရတာကဘာတွေလဲ။မတ်တပ်ရပ်ပြီးခေါက်တုံ့ခေါက်ပြန်စဉ်းစားနေပေမယ့်ထိုကောင်လေးကတော့ငြိမ်လျှက်သား။
အကြောက်အလန့်မရှိတဲ့ဂျောင်ကုကတော့ရုတ်တရပ်မို့လန့်သွားတာကလွဲရင်ဘာမှမဖြစ်ပေမဲ့တကယ်ကြောက်နေတာထိုကောင်လေးကိုယ်တိုင်သာ။ဆိုဖာထောင့်လေးမှာကပ်ထိုင်နေပုံကမသိရင်ကိုယ်ကပဲဖြဲခြောက်ထားတဲ့ဒီဇိုင်းနဲ့။
"ဟိုလေ....ကျွန်တော်ကတကယ်သေသွားတာလားဟင်"
အတန်ကြာမှစကားစလာတဲ့ကောင်လေးကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမှသူပြောတဲ့စကားကြောင့်ကြောင်သွားရပြန်သည်။သူကတကယ်သေသွားတာလားတဲ့။ကာယကံရှင်ဖြစ်တဲ့သူကိုယ်တိုင်တောင်မသိတာကိုယ်ကသိမတဲ့လား။နေပါဉီးအပြင်လောက,ကသရဲတွေအကုန်လုံးကဒီလိုမျိုးအူကြောင်ကြောင်တွေပဲလား။
"ဟ....မင်းသေသလားရှင်သလားမင်းကိုယ်တိုင်တောင်မသိတာငါကသိမှာတဲ့လား"
"ဒါနဲ့လေ.....ကျွန်တော်ဒီမှာနေလို့ဖြစ်တယ်မို့လားဟင်"
ခက်တော့လည်းခက်နေပါပြီ။အဲ့ဒီသရဲပေါက်စကိုအိမ်ပေါ်ခေါ်တင်ထားပြန်ရင်လည်းသရဲမွေးထားတယ်ဖြစ်ဉီးမယ်။Hotel Del Lunaပို့ထားရအောင်လည်းအဲ့ဟိုတယ်ကအပြင်မှာရှိတာမဟုတ်ပြန်။မထားပြန်ရင်လည်းသူတို့သရဲလောကရဲ့စီနီယာတွေကအနိုင်ကျင့်ရင်လည်းဒီကောင်လေးကပဲခံရမှာ။
"နေကွာ.....သရဲတစ်ကောင်ခေါ်တင်ထားတော့လည်းငါ့အိမ်သရဲခြောက်တယ်ဆိုပြီးနာမည်ကြီးတာပေါ့"
"ကျွန်တော်သရဲမဟုတ်ပါဘူးနော်.....ဒီလောက်ချောတဲ့သရဲခင်ဗျားတစ်သက်မြင်ဘူးလို့လား"
"အေး.....မင်းလောက်အူကြောင်ကြောင်နိုင်တဲ့သရဲကိုမတွေ့ဘူးတာတော့သေချာတယ်"
နှုတ်ခမ်းဆူပြီးတစ်ဖက်လှည့်သွားတဲ့ကောင်လေးကိုကြည့်ပြီးခေါင်းခါလိုက်သည်။ဒီကောင်စုတ်လေးအသက်မှပြည့်ပါဉီးမလား။နှမြောတော့နှမြောစရာ။ဒီကောင်လေးရဲ့မိဘတွေတော့ဘယ်လောက်တောင်မှရင်ကျိုးနေရှာမလဲ။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]