Unicode & Zawgyi
Unicode
ပျင်းပျင်းရှိတာကြောင့်ဆော့ဂျင်ခေါင်းမိုးထပ်ဆီသို့တက်လာခဲ့သည်။ထယ်ယောင်းကိုလိုက်ပို့သောဂျီမင်းသည်အခုချိန်ထိပြန်မလာသေးပေ။ဒါကြောင့်အငြောင်းပြေအညာပြေဖြစ်အောင်ခေါင်းမိုးထပ်ဆီလှေကားဖြင့်တက်လာခြင်းဖြစ်သည်။အပေါ်ထပ်ရောက်တော့အနည်းငယ်ပင်ချွေးစို့နေလေသည်။ဒါကြောင့်နဖူးကိုလက်ခုံဖြင့်အသာသုတ်ကာပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။
အပင်အုပ်အုပ်သေးသေးလေးတွေကိုပန်းခြံသေးသေးလေးလုပ်ထားခြင်းကချစ်စဖွယ်။ထိုပန်းခြံလေးရဲ့ဘေးမှာသစ်သားဒန်းလေးရှိလေသည်။ချစ်စဖွယ်ကောင်းလွန်းတဲ့နေရာလေးပါပေ။
ဒန်းပေါ်မှာထိုင်နေတဲ့လူတစ်ယောက်။နောက်ကျောပဲမြင်နေရတာတောင်သိနေရတဲ့အထိနှလုံးသားကရင်းနှီးနေတဲ့သူ။ဘာတွေလုပ်နေလဲမသဲကွဲပေမယ့်တစ်ခုခုကိုပိုက်ထားမှန်းသိသည်။အဲ့ဒီအရာက Sketch bookလေးပါ။
"ဒီနေရာမှာထိုင်လို့ရမလား"
"ဪ......ခင်ဗျား"
သူမှတ်မိမှာပါ။ချစ်သူတစ်ယောက်အနေနဲ့မဟုတ်ဘဲသူ့ကိုလူမှားဖက်မိတဲ့တစ်ယောက်အနေနဲ့။
"တောင်းပန်ပါတယ်.....ကျွန်တော်လူတစ်ယောက်ယောက်နဲ့မှားသွားလို့ပါ"
"လူမှားသွားလို့ဆိုပြီးလူတိုင်းကိုတော့လိုက်မဖက်နဲ့ပေါ့ဗျာ"
အရင်လိုဟာသပြောတတ်တဲ့အကျင့်လေး။ဘာလို့ပါလိမ့်။ရင်ခုန်ကြည်နူးနေမိတဲ့ဒီအခိုက်အတန့်လေးက။ကျွန်တော်မောင့်အပေါ်စိတ်နဲ့ပြစ်မှားမိနေပြီကူးရဲ့။
"ဪ....ဒါနဲ့ကျွန်တော့်နာမည်ဆော့ဂျင်ပါ.....ကင်ဆော့ဂျင်"
"ကျွန်တော့်နာမည်ဂျွန်ဂျောင်ကုပါ"
ပြန်၍တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင်ပန်းနံ့လေးသည်သင်း၍လာသည်။ပထမတော့မရည်ရွယ်ဘဲကြည့်မိတာပါ။ဒါပေမဲ့ဘာလည်းဆိုတာသိလိုက်ရတဲ့ခဏကတော့မျက်စိမလွှဲနိုင်အောင်ဖြစ်ရသည်။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]