Unicode & Zawgyi
Unicode
"Hyungနှစ်ပတ်ထဲနော်......နှစ်ပတ်ပြည့်လို့မှပြန်မလာရင်ကျွန်တော်ကိုယ်တိုင်ဒယ်ဂူကိုလိုက်ခေါ်မှာ"
"ဟုတ်ကဲ့ပါခင်ဗျ......ကျွန်တော်မျိုးအမြန်ဆုံးပြန်ခဲ့ပါ့မယ်"
ပြောပြီးထွက်သွားတဲ့ယွန်းဂီhyung။တကယ်hyungပြောခဲ့သလိုနှစ်ပတ်ကျော်ပါကသွားခေါ်မှာအမှန်ပင်။နောက်တစ်ခေါက်ထပ်ပြီးhyungကိုထွက်သွားခွင့်မပြုနိုင်။
လောလောဆယ်တော့ဂျင့်ကိုသွားရှာရဉီးမည်။မနေ့ကကိစ္စပြီးကတည်းကအောက်ဆင်းမလာတော့တဲ့ကောင်လေး။ကြည့်ရတာအရှက်သည်းနေပုံရသည်။မနက်စာတောင်ဆင်းမစား။
ကိုယ်လည်းနည်းနည်းမျက်နှာပူမိသဖြင့်သွားမခေါ်အား။အခုတော့မခေါ်မဖြစ်ခေါ်ရတော့မည်။နေ့လယ်စာလည်းလာမစားတာကြောင့်တစ်ခုခုထိမှာပူရသည်။ပြီးမှတစ်ဆက်တည်းတွေးမိသွားသည်က။အင်း......ကောင်လေးငယ်ရေဒီလိုအတွေးတွေမတွေးမိအောင်ဘယ်လိုနေရမလဲကွယ်။
"ဂျင်"
သူနေထိုင်ရာခေါ်မိုးထပ်လေးဆီသို့လှေကားဖြင့်တက်သွားပြီမှကြမ်းပြင်ကိုအသာခေါက်ကာခေါ်လိုက်သည်။အရင်တစ်ခါကလိုတော့အလန့်တကြားမလုပ်ရဲ။အရင်ကလိုပြုတ်ကျနေမှဖြင့်တစ်ခုခုဖြစ်ရချည်ရဲ့။
ကုတင်စွန်းလေးမှာထိုင်နေတဲ့သူလေးဆီတိုးကပ်သွားမိတော့ခေါင်းလုံးလုံးကချက်ချင်းငုံ့သွားလေသည်။နီရဲနေတဲ့မျက်နှာလေးကလည်းမက်မွန်လေးလို။
"မနက်စာဘာလို့ဆင်းမစားတာလဲ"
အဖြေကိုမပေးနိုင်စွာခေါင်းကိုငုံ့ထားမိသည်။ဘယ်သူဘဲကြည့်ကြည့်မနေ့ကကိစ္စကိုမျက်နှာပူနေတာသိသိကြီးနဲ့သူမို့မေးတတ်တယ်။
"ဒီလိုပါပဲ....မဆာလို့ပါ"
တဖန်ပြန်တိတ်ဆိတ်သွားပြန်တဲ့သူတို့နှစ်ယောက်။ဂျောင်ကုစိတ်ထင်သလိုလုပ်လိုက်ခြင်းကဒီလိုအနေခတ်ခြင်းကိုဖြစ်စေတာကိုသိရင်စိတ်ကိုအတတ်နိုင်ဆုံးထိန်းခဲ့မိမှာ။မဟုတ်ရင်ပွစိပွစိပြောတတ်တဲ့ဒီကောင်လေးကအခုလိုတိတ်နေမှာမဟုတ်။ဖွင့်ပြောဖို့ကလည်းမတွေးရဲ။ဂျောင်ကုကိုအခွင့်အရေးယူသည့်သူလိုသတ်မှတ်ပစ်လိုက်မှာကိုတွေးကြောက်နေရသည်။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]