Episode:23

1.1K 162 27
                                    

Unicode & Zawgyi

Unicode

စီးကျနေတဲ့မျက်ရည်တွေကိုသုတ်ပစ်လိုက်ပြီးခြံတံခါးဖြူဖြူလေးကိုတွန်းကာဖွင့်လိုက်သည်။ဟင့်အင်းဆိုတဲ့စကားလုံးလေးတစ်လုံးပါးစပ်ကနေပြောထွက်ဖို့နောက်ကွယ်ကနေတည်ဆောက်ခဲ့ရတဲ့သတ္တိတွေကိုဘယ်သူမှသိမှာမဟုတ်ဘူး။ဟင့်အင်းဆိုတဲ့စကားလုံးလေးတစ်လုံးကြောင့်ကြေမွသွားတဲ့နှလုံးသားကိုဘယ်သူမှမြင်မှာမဟုတ်ဘူး။မျက်ရည်တွေခင်းထားတဲ့အိမ်ပြန်လမ်းကိုဘယ်သူမှမြင်မှာမဟုတ်ဘူး။

မုန်းလိုက်ပါ။မေ့လိုက်ပါလို့မတောင်းဆိုပါဘူး။ဒါပေမယ့်အမှတ်တမဲ့အနေနဲ့ပဲထားလိုက်ပါ။ကူးအတွက်မဟုတ်ခဲ့တဲ့ကျွန်တော့်ကိုဘဝတစ်ကွေ့မှာကြုံခဲ့ဖူးတဲ့ခပ်နုပ်နုပ်ကောင်လေးတစ်ယောက်အနေနဲ့ပဲသတ်မှတ်ပေးပါ။

ခြံထဲမှာရပ်ထားတဲ့ကားအနက်ရောင်လေးကိုမြင်တော့မျက်ရည်တွေကိုအလျင်အမြန်သုတ်ပစ်ပြီးမျက်နှာတစ်ဝိုက်ကိုပါလက်ကိုင်ပဝါဖြင့်သုတ်ပစ်ရသေးသည်။မောင်သည်အရိပ်အကဲသိတတ်လွန်းသောသူတစ်ယောက်ဖြစ်သည်။အထူးသဖြင့်ဂျင်နှင့်ပတ်သတ်လာလျှင်နှုတ်ခမ်းလှုပ်သည်မှအစမျက်တောင်ခပ်သည်အထိဘာကိုဆိုလိုချင်နေမှန်းသိသူဖြစ်သည်။ဒါကြောင့်အတတ်နိုင်ဆုံးပြုံးကာဝင်လိုက်တော့တည်ငြိမ်နေသောမောင့်အသွင်သဏ္ဍာန်သည်မုန်တိုင်းမလာခင်တိုက်ခတ်လာသောလေပြေလေညှင်းကဲ့သို့။

"မောင်....အစောကြီးပဲပြန်ရောက်နေတာလား"

ပိုက်ထားတဲ့လက်မောင်းအုံ၊ဖြောင့်တန်းနေတဲ့ခါးနှင့်လှန်ကြည့်လာသောမျက်လုံးအစုံကိုပေါင်းလိုက်တော့မောင့်ပုံစံသည်ကြောက်စရာကောင်းသွားသည်။အိမ်ပြန်လာတိုင်းပင်ပန်းခဲ့သည်ဆိုရင်တောင်ပြုံးပြုံးရွင်ရွင်နဲ့ပြန်လာတတ်တဲ့မောင်ဟာဒီနေ့လူစားထိုးခံလိုက်ရသလိုပင်။ထိုအချိန်မှာပဲတစ်ခုခုကိုဆော့ဂျင်ဆီလှမ်းပစ်လိုက်တဲ့သူ။မောင်၏ထိုပုံသဏ္ဍာန်သည်ဆော့ဂျင်ရဲ့ခြေဖျားရှေ့ရောက်လာသောအရာဝတ္တုကြောင့်ဟုသိလိုက်ရသည့်တစ်ခဏတွင်လောကကြီးတစ်ခုလုံးအမှောင်ဖုံးသွားသလိုပင်။

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now