Unicode & Zawgyi
Unicode
"ဒါhyungညီလေးပဲဂျောင်ကု"
ယွန်းဂီhyungရဲ့စကားကြောင့်မျက်လုံးများသည်ပြူးကျယ်သွားရပြီးကော်ဖီခွက်ကိုလည်းကမန်းကတမ်းပစ်ချလိုက်မိသည်။အခုhyungသူ့ကိုဘာပြောလိုက်တာလဲ။ပြန်မတွေ့ချင်တော့ပေမယ့်ကံကြမ္မာသည်စိတ်ချမ်းသာခွင့်မပေးခဲ့။ကင်ထယ်ယောင်းသည်ယွန်းဂီhyungရဲ့ညီလေးဖြစ်နေခဲ့သည်။
"Hyungအခုဘာပြောလိုက်တာလဲ"
အနည်းငယ်ကျယ်သွားသောအသံကြောင့်ဆိုင်ထဲရှိလူများလှည့်ကြည့်လာသော်လည်းဂျောင်ကုကတော့ဂရုမစိုက်ပေ။အရာအားလုံးကိုရှင်းပြီးရေစက်ဆိုးကိုဖြတ်တောက်မယ်ကြံကာမှတစ်ဖန်ပြန်နွယ်ရစ်ပတ်လာသေးသည်။နွယ်ကြိုးများအလားရုန်းမထွက်နိုင်သောဤရေစက်ဆိုးကြီးရဲ့အဆုံးကဘယ်တော့များမှလဲ။
"ဒါhyungရဲ့ပျောက်သွားတဲ့ညီလေးမင်ယွန်းဂျယ်.....တစ်နည်းအားဖြင့်ပြောရရင်ကင်ထယ်ယောင်း"
"မဖြစ်ရဘူးလေ"
"Hyungပြောပြလို့မင်းသိသွားတဲ့အကြောင်းကိုငါသိပါတယ်......ငါလည်းဘာမှမဖြစ်တော့တာမို့နောက်ဆိုခင်ခင်မင်မင်နေသွားရအောင်"
လက်ကမ်းပေးလာတဲ့သူကိုပြန်ကမ်းလိုက်သင့်လား။ကမ်းသင့်တာပေါ့။ရင်မဆိုင်ရဲတာမဟုတ်ပေမယ့်လိမ်ခဲ့တဲ့အပြစ်လည်းရှိတယ်လို့ယူဆတာကြောင့်သူ့ကိုရှောင်ဖယ်နေခဲ့သည်။သို့သော်သူကိုယ်တိုင်ငြိမ်းချမ်းရေးအတွက်ကမ်းလှမ်းနေပြီလေ။ကိုယ်ကဘာကိုတွန့်ဆုပ်နေရမှာလဲ။
ကမ်းထားတဲ့လက်ဖြူသွယ်သွယ်လေးကိုပြန်ဆုပ်ကိုင်လိုက်တော့ဖြစ်ပေါ်လာတဲ့လေးထောင့်ဆန်ဆန်အပြုံးလေးကစိတ်နှလုံးကိုအေးချမ်းလွန်းစေသည်။ဂျင်လေးအတိုင်းပဲ။
ဂျင်လေးဆိုသောအမည်နာမကိုတွေးမိသွားတော့ခေါင်းတွေထိုးကိုက်လာသည်။သူဘယ်သူလဲ။အိပ်မက်တွေထဲမြင်မက်နေတဲ့အဖြူရောင်အပိုင်းအစလေးရဲ့နာမည်လား။ခေါင်းတွေကထိုးကိုက်လာတော့ခုံလက်ရန်းကိုသာတင်းတင်းဆုပ်ကိုင်လိုက်ပြီးကော်ဖီခွက်ကိုမော့သောက်လောက်မှနည်းနည်းသက်သာသွားသလိုပင်။
YOU ARE READING
LOVE MAZE ||KOOKJIN|| [Completed]