Episode:3

2K 253 17
                                    

Unicode & Zawgyi

Unicode

သက်ပြင်းတစ်ချချနဲ့အိမ်ပြန်ခဲ့လိုက်တော့စောင့်ကြိုနေသည်ကခါတိုင်းလိုမှောင်မဲနေသောဧည့်ခန်းမဟုတ်။အပြုံးချိုချိုနဲ့ကောင်လေးဖြစ်သည်။အနည်းဆုံးတော့အထီးကျန်စရာမလိုဘဲအဖော်ရတာပေါ့ဟုသာတွေးထားလိုက်သည်။

"ကူး.....ထမင်းစားမလား.....ကျွန်တော်ချက်ထားပေးတယ်"

"ဟင်.....မင်းက......ဘယ်လို"

"သေချာအာရုံစိုက်ပြီးလုပ်ရင်ကျွန်တော်ကပစ္စည်းတွေကိုကိုင်နိုင်တယ်"

"ဟုတ်ပါပြီ.....ဒါဆိုကိုယ်ရေသွားချိုးလိုက်မယ်.....ထမင်းပြင်ထားပေး"

"ဟုတ်ကဲ့"

သူတို့ပုံစံကကြင်စဉီးဇနီးမောင်နှံလေးနဲ့တူကြောင်းတွေးမိသွားတော့ကျဆင်းနေတဲ့ရေစက်တွေကြားမှပင်ဂျောင်ကုပြုံးလိုက်မိသေးသည်။မဖြစ်နိုင်မှန်းဆက်တွေးမိလိုက်တော့မျက်နှာကိုခပ်ကြမ်းကြမ်းဖိပွတ်ပစ်လိုက်သည်။ဒီလိုစိတ်ကူးမယဉ်သင့်ပါ။တကယ်ဆိုထို​ကောင်လေးကလူသားတစ်ယောက်တောင်မဟုတ်။အချစ်မှာပျော်ဝင်နေဖို့အတွက်လည်းဂျောင်ကုတွင်အချိန်မရှိ။

"သတိထားစမ်းဂျွန်ဂျောင်ကု......မဖြစ်နိုင်တာကိုစိတ်ကူးမယဉ်နဲ့"

မှန်ထဲတွင်ပေါ်နေတဲ့ကိုယ့်ပုံရိပ်ကိုပြန်ကြည့်ကာသတိပေးလိုက်သည်။ကိုယ့်ပုံရိပ်ကိုကြည့်ရင်းနဲ့ပင်ကိုကို့ကိုလွမ်းလာပြန်သည်။အချိန်တွေကြာလာတာနှင့်အမျှကိုကို့အပေါ်ထားရှိတဲ့အလွမ်းထုထည်ပမာဏသည်ပို၍ပို၍ကြီးလာသည်။

ထားမသွားပါဘူးလို့ကတိတွေအထပ်ထပ်ပေးခဲ့တဲ့ကိုကို။ကတိမတည်တဲ့ကိုကို။ပြန်လာခဲ့မယ်လို့ပြောပေမဲ့ပြန်မလာခဲ့တော့တာဒီနေ့ဆိုနှစ်နှစ်ကျော်ပြီ။ရာသီတွေအလီလီပြောင်းလို့၊အချိန်တွေတစ်ရွေ့ရွေ့လည်ပတ်နေပေမယ့်ကိုကိုကတော့ပြန်မလာခဲ့ပါဘူး။

ကိုကို့အစားရောက်လာပေးတဲ့သူကတော့ကိုကို့လိုထပ်ထားမသွားဘူးမို့လား။

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now