Episode:14

1.4K 183 11
                                    

Unicode & Zawgyi

Unicode

တွန့်ဆုပ်နေမိသည်မှာဘယ်လောက်ကြာသွားပြီလဲမသိ။ဘဲလ်လေးကိုတစ်ချက်နှိပ်လိုက်ဖို့တွန့်ဆိုင်းနေမိသည့်အကြောင်းရင်းမှာလည်းခိုင်ခိုင်မာမာမရှိ။ဒီတိုင်း.....သူ့ကိုအားနာလို့။ရင့်ရင့်သီးသီးဆက်ဆံခဲ့မိတာတွေအတွက်မျက်နှာပူမိလို့။

သို့ပေမဲ့ဆေးရုံပေါ်ကချစ်ရသူလေးရဲ့တစ်ချက်လွှတ်အမိန့်တော်အရအားကိုတင်းကာဘဲလ်ကိုနှိပ်ချလိုက်သည်။တစ်ချက်,နှစ်ချက်,သုံးချက်အထိနှိပ်နေပေမယ့်အကြောင်းပြန်ခြင်းမရှိတာကြောင့်စိတ်တွေရှည်မနေတော့ပါ။ဖုန်းနံပါတ်လည်းမသိတာကြောင့်ခေါ်လို့မရ။

နောက်ဆုံးတစ်ချက်ခပ်တင်းတင်းဖိနှိပ်လိုက်တော့မှတံခါးလာဖွင့်တဲ့သူဟာအိပ်မှုံစုံဖွားရုပ်လေးနှင့်ဖြစ်သည်။ဖွာလန်ကျဲနေတဲ့ရွှေအိုရောင်ဆံပင်လေနဲ့Ta Ta Pajamaလေးကိုဝတ်ထားတဲ့သူဟာအခုချိန်ထိစူးစိုက်ကြည့်နေဆဲ။

"ဂျီ....ဂျီမင်း"

သူ့ရှေ့မှာရပ်နေတဲ့သူဟာတကယ်ပဲဂျီမင်းပါ။အိပ်ချင်နေတဲ့စိတ်တွေကိုဘယ်ကိုလွှင့်ထွက်သွားမှန်းမသိအောင်ကိုရှေ့ကလူသားသည်ပြုစားလွန်းပါသည်။အဖြူရောင်ရှပ်အင်္ကျီပေါ်ကနေထပ်ဝတ်ထားတဲ့ဂျင်းဂျာကင်နဲ့အတူပုံသွင်းထားတဲ့ဆံပင်အောက်ကမျက်နှာလေးဟာဝင်းပနေပုံ။
ဪ.....ဆော့ဂျင်သတိရလာပြီပဲ။

"ဆော့ဂျင်သတိရနေပြီ....."

"အင်း.....သိတယ်"

"ဒါဆိုဘာလို့လာမတွေ့တာလဲ"

"မင်းစိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့"

စိတ်မကောင်းခြင်းကြီးစွာနှင့်သက်ပြင်းချလိုက်မိသည်။ကင်ထယ်ယောင်းကဘယ်လောက်တောင်ကိုယ့်ကိုခင်တွယ်လည်းကိုယ်သာအသိ။ဒါကိုရင့်ရင့်သီးသီးပြောခဲ့ပြီးလက်ပါခဲ့သေးတာပဲမဟုတ်လား။

"အခုတော့သွားရအောင်......ဂျင်လေးကမင်းကိုမမြင်လို့မေးနေတယ်"

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now