Episode:10

1.5K 209 8
                                    

Unicode & Zawgyi

Unicode

"ကင်ထယ်ယောင်းပြန်ရောက်နေပြီယွန်းဂီhyung"

ခရီးရောက်မဆိုက်ပြောပြရတာအားနာပေမယ့်ဒီကိစ္စဟာhyungအသိသင့်ဆုံးကိစ္စမဟုတ်လား။သို့ပေမယ့်ပါလာတဲ့အထုတ်ကိုအေးဆေးဖြည်နေတဲ့hyungဟာတုတ်တုတ်မျှမလှုပ်သည့်အပြင်သာမန်ကိစ္စတစ်ခုကိုကြားလိုက်ရသလိုပြုမူနေတာမို့ဂျောင်ကုစိတ်တိုမိသည်။

"Hyungကြားလားလို့"

"အေး.....ကြားတယ်.....အဲ့တော့hyungကဘာလုပ်ပေးရမှာလဲ"

ကြားလိုက်ရတဲ့စကားကြောင့်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိသည်။အခုhyungကဘာစကားပြောလိုက်တာလဲ။သေစေခဲ့တဲ့သူလေ။hyungသိပ်ချစ်ပါတယ်ဆိုတဲ့ဟိုလေးကိုသေစေခဲ့တဲ့သူလေ။

"Hyungဘာစကားပြောလိုက်တာလဲ"

"Hyungပြောပြမယ်ဂျောင်ကုကီး.....အခုလိုအညိုးတွေထားနေလို့ရော.....ဟိုလေးကပြန်လာမှာတဲ့လား......"

"သူသာအမှားမလုပ်ခဲ့ရင်ကိုကိုကထွက်သွားစရာကိုမလိုခဲ့တာ....."

ပထမဆုံးအကြိမ်အနေနဲ့hyungကိုစိတ်ပျက်မိပါသည်။ခွင့်လွှတ်နိုင်တယ်တဲ့လား။အသက်နဲ့တမျှချစ်ပါတယ်ဆိုတဲ့ကိုကို့ကိုဘဝထဲ၊လောကကြီးထဲကဆွဲထုတ်သွားတာလေ။

"Hyung......ကိုကို့ကိုတကယ်မချစ်ခဲ့ဘူး"

"တော်ပြီဂျောင်ကု......ဆက်မပြောနဲ့.....ပြောကြကြေးဆိုမင်းကရော......မင်းဒီလိုဖြစ်နေတာကိုမင်းအကိုကြည့်နေနိုင်မယ်ထင်လို့လား......မင်းအကိုရင်းဆိုပေမဲ့ငါ့ရဲ့ခင်ပွန်းကွနားလည်လား.....မင်းနဲ့အတူရှိနေတဲ့အချိန်ထက်ငါနဲ့အတူရှိနေတဲ့အချိန်တွေကပိုများတယ်......မင်းသူ့အကြောင်းသိတယ်ဆိုတာထက်ကိုငါကပိုသိတယ်.....တော်ပြီဂျောင်ကုရာ.....ဆက်မပြောနဲ့တော့......hyungနားချင်နေပြီ"

မျက်ရည်တွေလည်နေတဲ့မျက်ထောင့်နီတွေနဲ့ကြည့်ပြီးထွက်သွားတဲ့ဂျောင်ကု။အိပ်ရာပေါ်စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တဲ့ယွန်းဂီ။ဘာတွေကဘယ်လိုလွဲမှားခဲ့လဲမသိပေမယ့်ဂျောင်ကုကသူ့အကိုနဲ့ပတ်သတ်ရင်နည်းနည်းလေးမျှအထိခိုက်မခံတာသိသည်။

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now