Episode:8

1.5K 197 14
                                    

Unicode & Zawgyi

Unicode

ဒီနေရာကိုသူနောက်တစ်ခေါက်ပြန်ရောက်လာပြန်ပါပြီ။သို့သော်လူရိပ်လူခြေအနည်းငယ်မျှမတွေ့ရ။မျက်စိပဒေသအားဖြင့်သာယာသော်လည်းတိတ်ဆိတ်နေပုံကကြောက်လန့်ခြင်းဆီခေါ်ဆောင်နေသည်။

စိတ်ကိုတင်းကာဆက်လျှောက်မိတော့တွေ့လိုက်ရတဲ့ချယ်ရီပင်။လူသုံးယောက်စာလောက်ဖက်လို့ရတဲ့ပင်စည်လုံးပတ်ကြီး၏ကိုင်းဖျားကိုင်းနားများတွင်ချယ်ရီများသည်ဖွေးဖွေးလှုပ်အောင်ပွင့်နေကြသည်။

ထိုအပင်ကိုမှီကာရပ်နေတဲ့သူတစ်ယောက်။လူကောင်အနည်းနည်းသေးပေမယ့်လွှမ်းမိုးနိုင်တဲ့အရှိန်အဝါကတော်ရုံမဟုတ်။ထိုလူသားမျက်နှာပေါ်​ကျရောက်နေသောရောင်စဉ်တန်းများသည်နေရောင်ခြည်ပေလားသို့မဟုတ်သူ၏အရှိန်အဝါများပေလား။ကောင်းကောင်းခွဲခြားမရ။

"ပျော်ရဲ့လားဂျင်လေး"

အသံထွက်လာတဲ့ထိုသူ။သူ့ဆီကိုသွားချင်နေသည်။သို့သော်ခြေထောက်များသည်သစ္စာရှိစွာဖြင့်တစ်လှမ်းမှမရွေ့။လည်ပင်းသည်လည်းစေးကပ်နေပြီးဘာသံမှထွက်မလာ။

"ကိုယ်မဟုတ်တဲ့သူရဲ့ရင်ခွင်ထဲမှာနေရတာပျော်ရဲ့လား"

မဟုတ်ပါဘူး။ဂျင်ကအဲ့လိုလူမျိုးမဟုတ်ဘူး။သို့သော်စကားလုံးများသည်တိတ်ဆိတ်နေဆဲ။ဘာကြောင့်မှန်းမသိသူ့ကိုမြင်ရတာနာကျင်တယ်။စီးကျလာတဲ့မျက်ဝန်းအိမ်ထဲကအရည်ကြည်တွေဟာဘာကြောင့်မှန်းမသိပေမဲ့အရမ်းငိုချင်နေတယ်။

အနောက်ကိုတစ်လှမ်းချင်းတိုးဆုပ်သွားတဲ့သူ့နောက်ပါသွားတဲ့နှလုံးသားလေး။မြင်မလားမသိပေမယ့်သူ့ဆီလက်ကမ်းနေမိသည်။အခုချိန်ဘာစကားတစ်လုံးမှထွက်မလာတဲ့သူ့ကိုယ်သူလည်းဒေါသဖြစ်နေမိသည်။

"မင်းမရှိတော့မောင်မနေချင်တော့ဘူး"

နောက်ကိုတစ်လှမ်းချင်းဆုပ်သွားတဲ့သူ့နောက်မှာမှောင်နေတဲ့ချောက်ကြီး။မှောင်အတိကျနေပုံကစိတ်ကိုခြောက်ခြားစေနိုင်ပေမယ့်ထိုသူကတော့သိပုံမပေါ်။နောက်ကိုသာတစ်လှမ်းချင်းဆုပ်သွားပြီးဂျင့်ကိုစိုက်ကြည့်နေသည်။

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now