Episode: 19

1.2K 161 14
                                    

Unicode & Zawgyi

Unicode

"ငါတို့နှစ်ယောက်လက်ထပ်တော့မယ်"

ကြားလိုက်ရတဲ့စကားကနွေခေါင်ခေါင်မိုးကြိုးပစ်ချလိုက်သလိုပင်။ကိုယ်အပိုင်ဖြစ်မလာနိုင်ဘူးဆိုတာသိပေမယ့်.....တစ်နေ့သူတို့နှစ်ယောက်ပဲပေါင်းဖက်သွားမယ်ဆိုတာသိပေမယ့်ဒီလိုစကားသံတွေကြားလိုက်ရတော့ရင်ထဲကိုဓားထက်ထက်နဲ့ထိုးစိုက်နေသလိုပါပဲ။

"ဂျင်လေးလည်းသတိရပြီဆိုတော့လက်ထပ်တော့မယ်လေ........နောက်နှစ်နွေဉီးလောက်ဖြစ်မယ်ထင်တယ်.....ဒါပေမဲ့မင်းကသူငယ်ချင်းမို့အရင်ဆုံးပြောပြတာ"

မသိပါရစေနဲ့။မင်းတို့လက်ထပ်မယ့်သတင်းကိုငါအရင်ဆုံးမသိပါရစေနဲ့။သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှာနေပြီးမင်းရဲ့ချစ်သူနဲ့ဘယ်လောက်တောင်ပျော်ရွင်နေတယ်ဆိုတာငါမသိပါရစေနဲ့။

"အင်း.....မင်းတို့နှစ်ယောက်ကတကယ်လိုက်ဖက်ပါတယ်"

ဂျင်လေးကိုဆိုအမြဲပြုံးကြည့်နေတယ့်မင်းရဲ့အကြည့်တွေဟာလောကတစ်ခုလုံးကိုထွန်းလင်းပေးရလောက်တဲ့အထိတောက်ပနေတာမို့မင်းတို့နှစ်ယောက်ဟာလိုက်ဖက်လွန်းပါတယ်။ငါကတော့စင်အောက်ကနေလက်ခုပ်တီးနေပါ့မယ်။ပြီးတော့မင်းတို့လက်ထဲကပန်းစည်းလေးကိုလည်းရဖို့ကြိုးစားနေပေးမယ်။နောက်ဘဝကျရင်ဒီလိုတစ်ဖက်သတ်အချစ်မျိုးနဲ့ကင်းဝေးစေဖို့အဆောင်ပေါ့။

"ဆိုင်ကတော်တော်တိုးတက်နေတာပဲနော်"

ထိုအချိန်မှာပဲစကားစလိုက်တဲ့ဂျင်လေး။ဆိုင်ထဲကိုမျက်လုံးကြည်တောက်တောက်လေးတွေနဲ့လိုက်ငေးနေတာဘယ်သူပဲကြည့်ကြည့်မေတ္တာပြိုချင်စရာပါ။ဒါကြောင့်မို့ဂျီမင်းရဲ့မေတ္တာတွေအကုန်လုံးကမင်းအပေါ်ရေစီးကမ်းပြိုလိုက်နေတယ်ထင်ပါရဲ့။

"အင်း....တိုးတက်နေတယ်ပြောရမှာပါပဲ"

သက်ပြင်းကိုအသာချလို့ဂျီမင်းကိုလှမ်းငေးလိုက်တယ်။ဒါပေမဲ့သူကတော့ဆိုင်ကိုလှည့်ပတ်ကြည့်နေတဲ့ဆော့ဂျင်ဆီမှာပဲစိတ်အာရုံအလုံးစုံကိုနှစ်မြုပ်ထားပုံရတယ်။ရင်တွေနာပါတယ်။ပြီးတော့ပျော်လည်းပျော်ရွင်မိပါတယ်။ငါ့သူငယ်ချင်းလေးကိုချစ်ပေးမယ့်သူရှိတဲ့အတွက်ပေါ့။

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now