Episode:4

1.9K 247 12
                                    

Unicode & Zawgyi

Unicode

"OH!!God"

အိမ်ကိုပြန်ရောက်ရောက်ချင်းမီးကိုဖွင့်လိုက်တော့ဧည့်ခန်းမှာထိုင်နေတဲ့ဖြူလွှလွှအရိပ်လေးကြောင့်လန့်ပြီးနောက်ကိုခြေနှစ်လှမ်းဆုပ်လိုက်မိသည်။

"ဒီလောက်လေးကိုလန့်သွားရလားdetectiveကြီးရဲ့"

မတ်တပ်ရပ်ကာဆိုလာတဲ့သူကြောင့်ဝမ်းသာရိပ်တွေတက်လာပြီးလက်ထဲကအထုတ်တွေကိုပါပစ်ချမိသည်။ငွေ့ရည်ဖွဲ့လာတဲ့မျက်ရည်တွေကြောင့်အမြင်တွေဝေဝါးကုန်သည်။Hyungဟုသာခေါ်ပြီးပြေးဖက်မိသည်။

"ကလေးလား.....ငိုနေရအောင်"

"Hyungဘယ်လိုလုပ်ချက်ချင်းရောက်ချလာတာလဲ.....စောစောပြောရင်လာကြိုမှာပေါ့"

"မလိုပါဘူးကွာ.....ဒါနဲ့မင်းဘယ်ကပြန်လာတာလဲ"

"ကုန်တိုက်ခဏသွားတာ......အဝတ်အစားအချို့နဲ့စားစရာတွေသွားဝယ်တာ"

"အဝတ်အစား.....မင်းဖို့လား"

Yoongi Hyungပြောတော့မှအနောက်ကိုလှည့်ကြည့်လိုက်တော့ထိုကောင်လေးမရှိတော့ပေ။အခန်းထဲဝင်သွားတယ်ထင်ပါရဲ့။

"Hyungနားလိုက်ဉီးလေ.....ညနေစာစားခါနီးမှလာခေါ်ပေးမယ်"

"ဟုတ်ပြီဂျောင်ကု"

အိမ်ရှေ့ဧည့်ခန်းမှာတော့သာသာယာယာရှိနေပေမဲ့အိပ်ခန်းထဲတွင်ကွက်ထန်နေသောမုန်တိုင်းငယ်။တရိပ်ရိပ်တက်လာသောဒေါသတွေကြောင့်ခေါင်မိုးထပ်ထိတောင်တက်မသွားနိုင်ပေ။ဂျောင်ကုအိပ်ရာပေါ်တွင်ထိုင်ကာနှုတ်ခမ်းကလည်းဆူထော်ထားသေးသည်။

Hyungဆို။Hyungပြန်လာတာနဲ့တင်လူတစ်ယောက်လုံးကိုမေ့ရသလား။အကိုတစ်ယောက်ပြန်လာတာဒီလောက်တောင်မှပျော်စရာလိုလို့လား။ဘာဆိုင်လို့လဲ။သူ့ဖာသာသူHyungမကလို့ဘာကြီးပဲဖြစ်ဖြစ်ကိုယ်နဲ့ဘာဆိုင်လဲ။ဒါဆိုဟိုနေ့ကကိစ္စကရော။
အာ!!!ဘာတွေလဲကွာ။

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now