Episode:12

1.4K 197 16
                                    

Unicode & Zawgyi

Unicode

"လဲနေတဲ့ကိုယ့်ကိုကိုယ်မြင်နေရတာဘာလို့ဒီလောက်နာကျင်နေရတာလဲ"

ဖြူစင်လွန်းစွာအိပ်ပျော်နေတဲ့ခန္ဓာကိုယ်ဘေးမှာရပ်နေတဲ့အဖြူရောင်ဝိဉာဉ်လေး။မှတ်မိခဲ့ပါပြီ။ရေလှိုင်းများလိုရုတ်တရပ်ရောက်လာတဲ့မှတ်ဉာဏ်တွေနဲ့အတူသူဟာဒီနေရာသို့ရောက်လာခြင်းဖြစ်သည်။

မသေသေးလို့ကူးအတွက်ဝမ်းသာပေးရမှာလား၊ဒါမှမဟုတ်ယခုချိန်ထိစောင့်နေပေးတဲ့မောင့်အတွက်ဝမ်းနည်းပေးရမှာလား။မသိတော့ပါ။သေချာတာကတော့ကူးကိုချစ်တယ်။

ဒါပေမဲ့ပြီးဆုံးသွားခဲ့ပါပြီ။ကိုယ်နဲ့မလိုက်ဖက်တဲ့ဘဝ။တက်လမ်းတွေအပြည့်နဲ့ဘဝကိုပိတ်ပင်ထားဖို့မရည်ရွယ်ပါဘူး။

နှုတ်ဆက်ခွင့်မရှိတော့တဲ့ဘဝမို့စကားတစ်ခွန်းမှမဆိုဘဲထားသွားခဲ့တာကိုနားလည်ပေးပါကူးရယ်။မုန်းလိုက်ပါ။ကျွန်တော်နဲ့ပတ်သတ်တာတွေအကုန်လုံးကိုလည်းမေ့လိုက်ပါ။

လမ်းမှာတွေ့ခဲ့ရင်တောင်ကမ္ဘာကြီးကလူသားတစ်ယောက်အနေနဲ့သာမှတ်ယူပြီးမျက်နှာလွှဲသွားလိုက်ပါ။

***Flashback***

ကူးထွက်သွားပြီးဆော့ဂျင်တစ်ယောက်အိပ်ရာပေါ်ထိုင်ချလိုက်သည်။ကူးကိုတကယ်အားနာနေပါပြီ။တစ်ချိန်လုံးအာရုံတွေကပျံ့လွှင့်နေပြီးမသိတဲ့လူတစ်​ယောက်ကိုမျှော်လင့်နေရတာမဟုတ်လား။

ထိုအချိန်မှာပဲပွင့်လာတဲ့တံခါး။ကူးများတစ်ခုခုကျန်ခဲ့လားလို့ထင်လိုက်မိပေမယ့်မဟုတ်ချေ။ဝင်လာတဲ့သူကမင်ယွန်းဂီ။ကိုယ့်ကိုမမြင်ရပေမယ့်လို့ရှောင်တာအကောင်းဆုံးပဲဖြစ်မည်ထင်။ထို့ကြောင့်ခြေလှမ်းတွေကိုအခန်းတံခါးဆီဉီးတည်လိုက်သည်။ထိုဆဲဆဲမှာပဲကြားလိုက်ရတဲ့အသံ။

"ဂျင်....."

အံ့သြခြင်းပေါင်းများစွာနှင့်သူ့ကိုလှမ်းကြည့်လိုက်သည်။ဘယ်လိုသိနေတာလဲ။မြင်နေရတာလား။သို့ပေမယ့်ဂျင်ရှိရာတည့်တည့်မကြည့်ဘဲဝေ့ဝိုက်နေတဲ့မျက်လုံးအိမ်တွေကမမြင်ရကြောင်းပြောပြနေသည်လေ။

LOVE MAZE ||KOOKJIN|| [Completed]Where stories live. Discover now